" Ji... ထတော့လေ... ခါတိုင်း အစောကြီး
ထနေကြပါ... ဆိုင်ဖွင့်ဖို့ နောက်တောင်ကျနေပြီလေ Ji ရဲ့ ။ Ahjashi တောင် နိုးနေပီJennie မျက်နှာသစ်ပြီးတာနဲ့ ရေသုတ်ရင်း Jisoo ကုတင်ဘေးကနေ နှိုးနေလိုက်သည် ။
" Hmmm"
Jisoo ရဲ့ညည်းသံလေး ကြားတော့ Jennie လန့်သွားပြီး အနားကို သွားကြည့်လိုက်တော့ မျက်လုံးလေးမှိတ်ထားပြီး စောင်ကိုလည်း လက်နဲ့ဆုပ်ထားကာ ပါးလေးတွေလည်း နီရဲနေတော့သည် ။
" Ji... ဖျားနေတာလား.... အမလေး....
ဟုတ်ပါရဲ့.... ကိုယ်တွေ ပူကျစ်နေတာပဲ... "ပြောပြောဆိုဆိုနဲ့ နဖူးလေးကို စမ်းမိတော့ ပူကျစ်နေတာမို့ Jennie ပြာယာခပ်တော့သည် ။
" Arr... ဒီလောက် ဖျားနေတာကို Ji ရယ်...
ငါ့ကို မနှိုးဘူး... နေအုန်း.... ငါ ရေဘတ်အုပ်ပေးမယ်နော်... ပြီးတော့ ဆေးလည်း တိုက်ရမယ်...အာ ... ဆေးခန်းပို့ရမလားမသိဘူး... Ahjashi ကို သွားမေးလိုက်အုန်းမယ်... ခဏလေး... ရေဘတ်အရင်လုပ်ပေးမယ်နော်...အာ...အပူကြီးပြီး သတိမေ့သွားရင် ဘယ်လိုလုပ်မလဲ.. Ji... သတိထားအုန်းနော်... "Jennie တောင်လျှောက်မြောက်လျှောက်နဲ့ ပြာယာတွေခပ်ပြီး ပါးစပ်ကလည်း တရစပ်ရေရွတ်ကာ Jisoo လက်ကလေးကို လာကိုင်တော့ Jisoo က မျက်စိမပွင့်ပဲ တစ်ချက်ပြုံးလိုက်မိသည် ။
" အ.... Jendeuk ရယ်... နင် ပြာနေတာနဲ့ ငါ့အဖျားက လန့်ပြေးလောက်တယ်... အဟင်း.. အရမ်းစိတ်မပူပါနဲ့... ရေဘတ်အရင်တင်ပေးနော်... အားးး ပြီးတော့ ခေါင်းအရမ်းကိုက်တယ်... ဆေးပဲသောက်လိုက်မယ် ရတယ်... ငါ မထနိုင်လို့.... Ahjashi ကိုလည်း ပြောလိုက်အုန်းနော် "
" အင်း.... အင်း.... နင် ငြိမ်ငြိမ်လေး အိပ်နေနော်... ငါ အကုန်လုပ်ပေးမယ် သိလား "
Jennie ပူနေတဲ့ စိတ်ကို အတတ်နိုင်ဆုံး
ငြိမ်အောင်ထားကာ ဇလုံလေးနဲ့ ရေခပ်ပြီး
တဘတ်လေးကိုရေစွပ်ကာ Jisoo နဖူးလေးပေါ် တင်ပေးလိုက်သည် ။ Jisoo က
နေမကောင်းဖြစ်ခဲတာမို့ Jennie မှာ
သူဖျားရင်ကို မလုပ်တတ်မကိုင်တတ်နဲ့
ကတုံကယင် ဖြစ်နေကျပင် ဖြစ်သည် ။
အမြဲပဲ သူကချည်း Jennie ကို ဂရုစိုက်စောင့်ရှောက်လာခဲ့တာကိုး ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...