" Ji.... ထမင်းစားရအောင်လေ... ဒီမှာ ငါ နင်ကြိုက်တဲ့ Kimchi Stew ချက်ထားတယ် ။ ပြီးတော့ ကြက်သားကိုလည်း နင်စားနေကျ အစပ်ချက်ကလေး လုပ်ထားတယ်ဟ....
လာပါ... စားရအောင်နော် "Jennie အခန်းထောင့်က ဗီရိုရှေ့မှာ ဘဏ်စာအုပ်လေးကြည့်ပြီး ငိုင်နေတဲ့ Jisoo ကို ထမင်းစားဖို့ခေါ်လိုက်သည် ။
ဆိုင်မထွက်တော့တဲ့ ရက်ပိုင်းအတွင်း Ji ဟာ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာပဲ တစ်ချိန်လုံးစဥ်းစားနေပုံရတယ် ။ တစ်နေရာရာမှာထိုင်ပြီး မျက်မှောင်လေး ကြုံ့ကာ အမြဲပဲ ငေးငေးငိုင်ငိုင်နဲ့ တစ်ခုခုကို တွေးနေသလိုလေး ။
တစ်ခါတစ်ခါ ဗီရိုထဲသိမ်းထားတဲ့ ဘဏ်စာအုပ်လေးကို ထုတ်ပြီး တစ်ခုခုကို တွက်နေသလိုလည်း လုပ်နေပြန်သည် ။
Jennie ကတော့ သူ စိတ်မကောင်းဖြစ်နေတဲ့အချိန်မို့ လွတ်လွတ်လပ်လပ် စဥ်းစားပါစေဆိုပြီးသာ လွှတ်ပေးထားလိုက်သည် ။
အခုလည်း သူကြိုက်တတ်တာလေးတွေ ချက်ပြီး စိတ်ပြေလက်ပျောက်ဖြစ်ကာ
ပြန်ပြီးများ တက်ကြွလာမလားလို့ ကြိုးစားကြည့်လိုက်သည် ။ထမင်းစားခေါ်ပြီး အသံမထွက်တော့ပဲ
ငြိမ်သွားတာမို့ Jisoo လှမ်းကြည့်လိုက်တော့ Jennie က ထမင်းဝိုင်းလေးရှေ့ထားပြီး
သူ့ကို ငေးကြည့်နေသည် ။ အဲ့ဒီအခါမှ Jisoo တွေးနေတာတွေ ရပ်လိုက်ပြီး Jendeuk နားသွားကာ ထမင်းဝိုင်းရှေ့မှာ ဝင်ထိုင်လိုက်သည် ။
ဘာမှမပြောပဲ ထိုင်ကြည့်နေတဲ့ Jennie ကြောင့် Jisoo နေမထိထိုင်မသာဖြစ်ကာ ချောင်းတစ်ချက်ဟက်လိုက်ပြီး
ဘာမှမဖြစ်သလို ပြုံးပြီးပြောလိုက်သည် ။" ဝါးးးးးး ဟင်းတွေက မိုက်လှချည်လား.. စားကောင်းမယ့်ပုံပဲ... Jendeuk ကတော့ အားကိုးရတယ်ကွာ... တော်တော်လေးကို ချက်တတ်နေပြီ ဟီးဟီး "
" ဟင့်အင်း... အားမကိုးရပါဘူး ။ ငါက
နင့်ကို ဝန်ထုပ်ဝန်ပိုးပဲ အမြဲဖြစ်စေခဲ့တာ ။
အမြဲ ဒုက္ခပေးပြီးပဲ တွယ်ကပ်နေခဲ့တာ ။ အခုလည်း ငါ့ကြောင့် အဆင်ပြေနေတဲ့ ဆိုင်လေးကို ဆုံးရှုံးလိုက်ရတာ အဟင်း... "Jennie မျက်ရည်တွေ ဝဲနေပေမယ့်
တည်တည်ငြိမ်ငြိမ်လေး Jisoo ကိုကြည့်ကာ ပြောနေပြီး မဲ့ပြုံးလေးပါ ပြုံးလိုက်သေးသည် ။
သူ့ကိုသူ စိတ်နာနေတဲ့ ပုံလေးနဲ့ ပြောနေတာမို့ Jisoo စိတ်မကောင်းဖြစ်သွားရသည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...