Chapter ~ 7

755 99 5
                                    

Jisoo  Jennie လက်ကို တစ်ဖက်က ကိုင်ကာ တစ်ဖက်ကလည်း ခရီးဆောင်အိတ်လေးကို ဆွဲပြီး ဘူဆန်မြို့က Bus ကားဂိတ်မှာ
ဆင်းလိုက်သည် ။
၄ နာရီလောက် Bus စီးလိုက်ရလို့ထင်သည် ။ Jendeuk က ကားမူးပြီး မျက်မှောင်လေးကို ကုပ်နေသည် ။ Jendeuk ကားမူးတတ်မှန်းသိပေမယ့် စျေးအသက်သာဆုံးဖြစ်တဲ့ Bus နဲ့လာတာကို ရွေးလိုက်ရလို့ Jisoo
စိတ်မကောင်းဖြစ်မိသည် ။
ရှေ့လျှောက်ဘာတွေဆက်ဖြစ်မလဲမသိတော့ တတ်နိုင်သမျှတော့ ချွေတာရမယ်မလား ။ အခုအရေးကြီးတာက နေစရာပင် ။
စျေးပေါပေါနဲ့ နှစ်ယောက်သား နေလို့ရမယ့် အခန်းတစ်ခန်းတော့ ရှာရမည် ။ ပြီးမှ အလုပ်က ရရာ လုပ်ရင် ဖြစ်သည် ။

Jisoo အတွေးတွေထဲမှာပင် အစီအစဥ်တွေ ရေးဆွဲနေ လိုက်သည် ။

ထို့နောက် ခရီးပန်းလို့ စူပုတ်ပုတ်လေးဖြစ်နေတဲ့ Jendeuk ကို ကားဂိတ်က ထိုင်ခုံမှာ ခဏထိုင်ခိုင်းလိုက်ပြီး အအေးဘူးနဲ့ မုန့်ဝယ်ကာ ကျွေးလိုက်သည် ။ သူကတော့ Jendeuk ပြန်ခွံ့တာ စားပြီး လက်ကလည်း ကားဂိတ်မှာ ထားထားတဲ့ လိပ်စာအညွှန်းစာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်နဲ့ မှတ်နေပြီး မျက်လုံးကိုလည်း အလုပ်ပေးနေလိုက်သည် ။

" Ji... နေစရာ အရင်ရှာမှာမလား ။ နေ့လည်တောင်ရောက်နေပြီဆိုတော့ ဒီညအမီ ရပါ့မလား ။ မရရင် လမ်းဘေးမှာ အိပ်ရမှာလားဟင် "

Jennie က မျက်နှာငယ်လေးနဲ့ မေးတော့ Jisoo က တစ်ချက်ပြုံးလိုက်ပြီး

" Kim Jisoo ပါ Jendeuk ရဲ့ ။ အကုန်တွေးထားပြီးသားပါ ဟဲဟဲ... ဘယ်လိုလုပ်
လမ်းဘေးမှာ အိပ်ရမှာလဲ ။ ဟိုးငယ်ငယ်တုန်းကလို ကလေးတွေ မဟုတ်တော့ဘူးလေ ။ အန္တရာယ်များတာပေါ့ ။ ပြီးတော့ ဒီရာသီဥတုနဲ့ အပြင်မှာအိပ်ရင် ခဲသေကုန်မှာပေါ့ ။  ဒီမှာ ကြည့် ။ ဒီည နေစရာအမီ မရှာနိုင်ရင် အိပ်ဖို့ရာ နေရာ ရှာပြီးသား ဟဲဟဲ"

Jisoo က မျက်ခုံးပင့်ပြပြီး လက်ထဲက လက်ကမ်းကြော်ငြာစာရွက်ကို ပြလိုက်သည် ။

" ဟင်...jjimijilbang မှာ သွားအိပ်မလို့လား "

( ** jjimijilbang means sauna ။   မြန်မာလိုက ဘယ်လိုခေါ်လဲမသိ ။ ရေနွေးရေချိုးခန်းလား ဟုတ်လား တကယ်မသိလို့ပါ ။ Blackpink House Ep 9 မှာ ကောင်မလေးတွေ သွားတဲ့နေရာမျိုးပါ ။ Jenလေးရဲ့ JiJi ကိုယ်ပေါ်မှောက်အိပ်နေတဲ့ Vlog မှာလည်း အဖောင်း ပြောတဲ့ Sauna ပါ 😁)

From Zero to Infinity ~~~Where stories live. Discover now