Chapter ~ 10

759 94 8
                                    



" Ji... Yangi PaPa ကလေ... ထောင်ထဲမှာတောင် ပိုသားနားနေသေးတယ်.... ဝပြီး အသားတွေကို ဖွေးလို့နော် ဟီး..."

" အင်း... အပြင်မှာလို ပေါက်ကရ မလုပ်ရတော့လို့နေမှာပေါ့...ဟဟ...Pa Kim က
တကယ့်လူပေ... သိရက်သားနဲ့ ပေပေတေတေနေတတ်တာလေ ... အခုတော့ ထောင်ကျသွားမှ လူအေးကြီးကို ဖြစ်လို့  ဟားဟား "

" ဟုတ်ပ... အဲ့တုန်းက အရမ်းဝမ်းနည်းခဲ့ပေမယ့် အခုတော့ Yangi PaPa ထောင်ကျသွားတာတောင် ခပ်ကောင်းကောင်းလို့ တွေးရမလိုပဲ... ဟီးဟီး... ဘာလိုလိုနဲ့ နှစ်နှစ်တောင် ရှိသွားပြီနော် ... အချိန်တွေကလည်း ကုန်တာ မြန်သလိုပဲ "

Jendeuk က လက်ဖဝါးနှစ်ဖက်ပေါ်
ခေါင်းတင်ပြီး အိပ်နေရင်း  တွေးတွေးဆဆလေး ပြောလိုက်တော့ Jisoo ထိုင်နေရာကနေ လှဲချလိုက်ပြီး Jendeuk ကို ဘေးတစောင်းအနေအထားနဲ့ ကြည့်နေမိသည် ။ 

အသက် ၁၈ နှစ်ပြည့်ပြီးပြီဖြစ်တဲ့ Jendeuk က အရွယ်ရောက်ခါစ လူကြီးပေါက်စလေးလို ဖြစ်နေပေမယ့် အမြဲတမ်းမြင်နေရတဲ့ Jisoo အတွက်တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲမသွား ။ ကလေးပေါက်စ က ကလေးပေါက်စ ပင်ဖြစ်သည် ။
သိသိသာသာ ရှည်ထွက်မလာတဲ့ အရပ်ကြောင့်များလားလို့ပင် ခပ်တိုးတိုး တွေးမိသေးသည် ။ တွေးတာတောင် တိုးတိုးပဲ
တွေးရသည်လေ ။ ကျယ်ကျယ်တွေးလိုက်လို့
ဂျန်းပု ကြားသွားရင် မလွယ်ကြောမလား 😆🤭 ။

ဒီလိုပါပဲ ။ Jendeuk လည်း ဘာမှထူးထူးခြားခြား ကြီးထွားမလာသလို Jisoo တို့ နှစ်ယောက်ရဲ့ ဘဝလည်း ဘာမှမထူးခြား ။ အရင်လို ခေါက်ဆွဲဆိုင်မှာပဲ လခနည်းနည်းလေးနှင့် လုပ်နေတုန်းပါပဲ ။ စားစရိတ်
နေစရိတ်လောက်ငနေတော့လည်း အပိုလေးနည်းနည်းစုမိရုံနဲ့ ဒီအလုပ်ကို  မစွန့်လွှတ်နိုင်ဖြစ်နေတော့သည် ။ အခုဆို Jendeuk လည်း မီးဖိုချောင်အကူကနေ လက်ထောက်အဆင့်ထိကို အားကိုးနေရပြီဖြစ်ပြီး Jisoo ကိုယ်တိုင်လည်း ဆိုင်မှာပဲထိုင်ကာ Order လက်ခံရတဲ့ အကြီးပိုင်းလိုကို ဖြစ်နေလေပြီ ။ သို့ပေမယ့် သိသိသာသာတိုးမလာတဲ့ လစာကြောင့် Jisoo တစ်ခါတစ်ခါတော့ အလုပ်ထွက်ချင်လောက်တဲ့အထိ စဥ်းစားမိသည် ။ နောက်အလုပ်တစ်ခုရှာဖို့ဆိုတာ Jendeuk နဲ့ အတူတူ မလုပ်ရမှာကြောက်တာက
တစ်ကြောင်း အခြေကျနေတဲ့ ဒီအခြေအနေလေးကို မယိမ်းယိုင်ချင်တာက တစ်ကြောင်းမို့သာ ငြိမ်နေရသည် ။
ဆိုင်ကိုသံယောဇဉ် လည်း ဖြစ်နေတာက တစ်ကြောင်းပေါ့ ။  စိတ်ထဲမှာတော့ အမြဲ ဘာပြောင်းလုပ်ရင်ကောင်းမလဲဟုသာ
မရေရာတဲ့ စီမံကိန်းတွေ ရေးဆွဲနေမိသည် ။

From Zero to Infinity ~~~Tempat cerita menjadi hidup. Temukan sekarang