Chapter ~ 19

932 106 11
                                    

" Jen... Jen ရယ်... နင် ဘာတွေ လုပ်လိုက်တာလဲဟာ "

" ကတိအရင်ပေးပါလား Ji ရယ်... နော်... ငါ... ငါ ကြောက်လို့ပါ "

Jendeuk က Jisoo လက်ကို ဆုပ်ကိုင်ထားရင်းက တရှုံ့ရှုံ့ငိုရင်း ကတိကိုသာ အရင်တောင်းနေတာမို့ Jisoo သူ့လက်ကလေးကို ပြန်အုပ်မိုးပြီး ကိုင်လိုက်ကာ ကုတင်ပေါ်မှာ ထိုင်စေလိုက်သည် ။

" ကတိပေးပါတယ်.... ငါ ကတိပေးပါတယ်နော် ။ နင့်ကို ဘယ်တော့မှ မထားသွားဘူးဆိုတာ ငါ့ရဲ့ ဘယ်တော့မှ ဖျက်မှာမဟုတ်တဲ့ ကတိတစ်ခုပါ... အမှန်အတိုင်းသာ
ပြောပေးနော် Jen ....ငါ နင့်ကို အရမ်းချစ်တာလေ... ဘာလို့ စွန့်လွှတ်ရမှာလဲ "

" ဟင့်အင်း... နင် ငါ့ကို အရမ်းချစ်တာ
သိလို့... အဲ့လိုအရမ်းချစ်လို့ပဲ နင်က...
နင်က... ငါ့ကို စွန့်လွှတ်မယ်ဆိုတာ ငါသိနေတာ... "

" ဘယ်လို... Jendeuk ... "

Jennie လက်တစ်ဖက်နဲ့ မျက်ရည်တွေသုတ်လိုက်ပြီး Jisoo ကို မော့ကြည့်လိုက်သည် ။ ကျန်တဲ့ လက်တစ်ဖက်ကတော့ Jisoo
လက်ကို မလွှတ် ။ ပြီးတော့ ဒီတစ်ပတ်အတွင်း သူ လုပ်ခဲ့တဲ့ ကိစ္စတွေကို ဖြည်းဖြည်းချင်းပြောပြလိုက်တော့သည် ။

" ငါတို့ Jeju ဂေဟာက Sister ကြီးကို
သိတယ်မလား Ji... ငါတို့ကို ထိန်းခဲ့တဲ့ Sister ကြီးလေ "

" အင်း... သိတယ်လေ "

" အင်း... အဲ့ Sister ကြီးက ဘာလို့ ငါတို့နှစ်ယောက်ထဲက ငါ့ကိုပဲ မှတ်မိတာလဲဆိုတာ နင်သိလား ။ ထွက်ပြေးသွားတဲ့
နှစ်ယောက်လေ ဆိုပြီးပြောလိုက်တာနဲ့ ငါ့ကို ဘာလို့ချက်ချင်းမှတ်မိသွားတာလဲဆိုတာ နင်မသိဘူးမလား "

Jennie အမေးကို Jisoo နားမလည်နိုင်စွာ ခေါင်းညိတ်ပြလိုက်သည် ။

" ဘာလို့လဲဆိုတော့ ငါ... ငါတို့ ဂေဟာကနေ ထွက်ပြေးပြီး သုံးရက်အကြာမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ငါ့ကို ငါ့မိဘအရင်းတွေက လာရှာခဲ့ကြတယ်တဲ့ "

Jennie စကားကြားတော့ Jisoo ပါးစပ်လေးဟမိတဲ့အထိ အံ့သြသွားရသည် ။ ဘယ်လောက်တောင် တိုက်ဆိုင်ပြီး
လုပ်ရက်လိုက်တဲ့ ကံကြမ္မာလဲ...

" အဲ့ဒါကြောင့် Sister ကြီးက ငါ့ကို သေချာမှတ်မိနေတာ ။ ငါ့ကိုငယ်ငယ်လေးနဲ့ ဂေဟာရှေ့မှာ ပစ်သွားတုန်းက ချန်ထားပေးခဲ့တဲ့ ဆွဲကြိုးလေးကို Sister ကြီးက
သိမ်းပေးထားခဲ့တာလေ ။ နောက်တော့ မေ့မေ့ပျောက်ပျောက်နေရင်းက ငါတို့ထွက်ပြေးသွားပြီးမှ ရောက်လာတဲ့
ငါ့မိဘဆိုတဲ့သူတွေကို အဲ့ဆွဲကြိုးလေး ထုတ်ပြလိုက်မှ တကယ်ပဲ ငါဖြစ်နေမှန်း
သိခဲ့ကြတာ ။ ဒါပေမယ့် အဲ့အချိန် ဂေဟာမှာ ငါက မရှိတော့ဘူးလေ ။ သူတို့လည်း
ရင်ကျုံးမရဖြစ်ပြီး ငါ့ကို လိုက်ရှာခဲ့ပေမယ့်
မတွေ့ခဲ့ကြဘူးတဲ့ ။ အဲ့ဒါကြောင့် ဆွဲကြိုးလေးကို Sister ကြီးမှာ ပြန်အပ်ထားခဲ့ပြီး
ငါ ပြန်လာလို့ရှိရင် သူတို့ကို ဆက်သွယ်ပေးပါဆိုပြီး လိပ်စာပေးသွားခဲ့တာတဲ့ "

From Zero to Infinity ~~~Where stories live. Discover now