" ဟားဟားဟား.... J 1 တိို့ကတော့ လုပ်ချလာပြန်ပြီဟေ့ ...ဥာဏ်ကောင်းချက်ကွာ.... ဟိုလူတော့ ဘယ်လောက်စိတ်တိုပြီး ကျန်ခဲ့မလဲမသိဘူး Hahaha..."
Yang Hyun-Suk တစ်ယောက် Jisoo Club မှာ ပစ္စည်းဘယ်လိုလိမ်ယူခဲ့တဲ့အကြောင်း ပြန်ပြောပြတာကို
တဟားဟားနဲ့ ရီကာ သဘောတွေကျနေတော့သည် ။" အဲ ...Pa Kim နော် သဘောတွေကျနေတာဟုတ်လား နောက်ခါတော့ တော်ပြီနော် အဲ့ Club ထဲ မသွားတော့ဘူး အန္တရာယ်များတယ် Pa Kim ရ ။ အထူးသဖြင့် Jendeuk ပဲ.... အမယ်... သူက ဘယ်တုန်းကတည်းက သောက်ချင်နေလဲမသိဘူး.... အစက တိုင်ပင်ထားတဲ့အထဲမှာ သောက်တာလည်းမပါပဲနဲ့ ဇွတ်မှာသောက်နေတာ... အသက်လည်း
မပြည့်သေးပဲနဲ့ "Jisoo က Dalgomi လေးကို ပွတ်ပေးနေရင်းက မှုန်ကုပ်ကုပ် နဲ့ ထိုင်နေတဲ့ Jennie ကို မေးငေါ့ပြပြီး လှမ်းပြောလိုက်သည် ။
" အံမာ... ငါ မသောက်လိုက်ရဘူးလေ .. နင်ပဲ ယူသောက်သွားတာကို... ပြီးတော့ သူများကို အသက်မပြည့်ဘူးလေး ဘာလေးနဲ့ နင်ကျတော့ အသက်ပြည့်လို့လား တူတူပဲကို ဟွန်းးး.... "
နှုတ်ခမ်းလေး တစ်ထွာလောက်စူလာကာ
စွာတေးလုပ်နေတဲ့ Jennie ကိုကြည့်ပြီး Jisoo မျက်နှာပြောင်ကာ လျှာထုတ်ပြလိုက်သည် ။" ပြီးတော့ ငါ့ကိုလည်း Spaghetti လို့
ခေါ်တယ် ဟွန့် နင့်ကို မကျေနပ်ဘူး တော်ပြီ. ဒီနေ့ နင်နဲ့ တူတူမအိပ်ဘူး ။ Yangi PaPa.. သူ့ကို Dalgomi နဲ့အတူတူ လှေကားထစ်မှာ အိပ်ခိုင်းလိုက် သိလား "" အာ.. Jendeukကလည်း... စတာကို... အဲ့လိုမလုပ်နဲ့လေ...ဟဲဟဲ... Dalgomi က ဒီနေ့မှ ရောက်လာတာဆိုတော့ ညဘက်ကျရင် ရထားသံတွေကို ကြောက်လိမ့်မယ် ။
အခန်းထဲမှာ တူတူ သိပ်ရအောင်ပါနော်...
Jendeuk က လိမ်မာတယ်... စိတ်မဆိုးနဲ့တော့နော်... နောက်ဆို Spaghetti လို့မခေါ်တော့ဘူးနော်... နင်လည်း ငါ့ကို ခရမ်းသီးလို့ ခေါ်ခဲ့တာပဲ... အစုတ်အပဲ့လို့တောင် အော်သေးတယ်လေ... အဲ့တော့ ကြေကြေပဲ သဘောထားပေး... ok?.. OK???? "Jisoo က မျက်နှာချိုလေးသွေးကာ Jennie မျက်နှာရှေ့မှာ လက်ညှိုး နဲ့ လက်မကို ဝိုင်းပြီး Ok Sign လုပ်ပြတော့ Jennie က
တစ်ချက်ပြုံးသွားကာ လက်ကို ပုတ်ချလိုက်သည် ။
ESTÁS LEYENDO
From Zero to Infinity ~~~
Fanficဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...