" Jisoo ရေ... Jennie ရေ... ရှိကြလား ဒီကလေးတွေ ။ ဒီမှာ နင်တို့ကို တွေ့ချင်လို့တဲ့ ။ သူဌေးလင်မယားနှစ်ယောက် လာတယ်ဟေ့ ... "
" အာဟား.. သူဌေးလင်မယားမဟုတ်ပါဘူး အမကြီးရယ်... အဲ့လောက်ကြီး မချမ်းသာပါဘူးဗျာ ။ အဲ့လိုကြီး မခေါ်ပါနဲ့လား ကျွန်တော်တို့ မနေတတ်လို့ပါ အဟဲ... "
" အော်... ကျွန်မက ဒီတိုင်း နာမည်မသိလို့ အလွယ်ခေါ်လိုက်တာပါ.. ဘာသဘောရယ်မှ မဟုတ်ပါဘူး "
"အာ... ဟုတ်.. ရပါတယ်... နာမည်တောင်
မပြောမိဘူး ဟဲဟဲ Mr.Do လို့ ခေါ်နိုင်ပါတယ်ခင်မျ "" ဟုတ်ပါပြီ အဲ့ဒါဆိုတော့လည်း Do လင်မယားပေါ့ ဟားဟား... အဲ... ဒီကလေးနှစ်ယောက် မထကြသေးတာလား မသိဘူး Jisoo ရေ... Jennie ရေ လို့ "
" Nae... Nae... ထပါပြီ Ahjima ရဲ့... မျက်နှာသစ်နေလို့ပါ ဟီးဟီး "
" ဟော... အခုမှ ထရင်ထတယ်ပေါ့
ဒီကလေးတော့.. Jisoo ရော အိပ်တုန်းလား.. ။ ဒီမှာ ဧည့်သည်ပါတယ် ။ နင်တို့ကိုတွေ့ချင်လို့တဲ့ ငါ့ဆိုင်မှာ လာမေးလို့ ခေါ်လာပေးတာ ။ အခန်းထဲခေါ်လိုက်အုန်း ။ Jisoo ကိုလည်း နှိုးလိုက်တော့ "" Ji က နိုးနေပါပီ Ahjima ရဲ့ ။ ဟီးး... Toilet ထဲရောက်နေလို့ ။ ဟို.. ဒီက ဦးလေးနဲ့ အန်တီတို့ ဝင်ကြပါနော် ။ အားနာလိုက်တာ ဟီးဟီး "
Jennie လည်း Ahjima ခေါ်လာတဲ့ သူဌေးလင်မယားဆိုတဲ့ ဦးလေးကြီးနဲ့ အန်တီကြီးကို အခန်းထဲခေါ်ပြီး ဧည့်ခံလိုက်သည် ။
တစ်ခါမှလည်း မမြင်ဖူးသလို သိလည်းမသိတာမို့ အူကြောင်ကြောင်လေး ကြည့်နေတုန်း Jisoo က ထွက်လာတာနဲ့ Ahjima ကပဲ ထပ်မိတ်ဆက်ပေးလိုက်တော့သည် ။" အော် Jisoo ထွက်လာပြီ ။ လာ ဒီမှာ လာထိုင်အုန်း Jisoo ။ ဒီက Do လင်မယားက နင်တို့နှစ်ယောက်ကို တွေ့ချင်လို့တဲ့ ။ ဆိုင်မှာ လာမေးလို့ ငါခေါ်လာပေးတာ ။ သူတို့ အကူအညီတောင်းစရာရှိလို့တဲ့ ။ သေချာနားထောင်ပေးလိုက်ပါအုန်း "
" Nae... Nae.. Ahjima... ဟို...တစ်ခါမှတော့ မမြင်ဖူးဘူးနော် ဒီကဦးလေး တို့ ။ ဟိုလေ Ji တို့က ဘာကူညီရမှာလဲမသိဘူး "
" အော်... အဟဲ... ဒီက ကလေးမလေးတို့ကသာ မသိတာပါ ။ ဦးလေးတို့က ကလေးမတို့ရဲ့ တော့ပိုကီဆိုင်လေးကို သိနေတာ ကြာပါပီ ။ ဝယ်လည်း စားဖြစ်ပါတယ် ။ မမှတ်မိတာနေပါလိမ့်မယ် ။ ဟို... လာရင်းကိစ္စကို ပြောရရင်တော့ ဒီက ကလေးမလေးတို့နှစ်ယောက်ကို ဦးလေးတို့ ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်ပေးဖို့ လာအကူအညီတောင်းတာပါ "
VOCÊ ESTÁ LENDO
From Zero to Infinity ~~~
Fanficဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...