Chapter ~ 18

907 95 16
                                    


Jisoo နဲ့ Jennie တို့ တဒုန်းဒုန်းတွေ
ငြိမ်သွားတဲ့အခါမှာတော့ အရင်လိုပဲ တဖြန်းဖြန်းနဲ့ ပွဲစဥ်တွေ ပြန်စပါတော့တယ် ။ နေကောင်းသွားပြီဖြစ်တဲ့ Jisooက စလိုက်နောက်လိုက် Jennie က ရိုက်လိုက်ပုတ်လိုက်ဖြင့် နှစ်ယောက်သား ရင်ခုန်သံတွေ တည်ငြိမ်သွားပေမယ့် အခန်းထဲက တစ်ယောက်အိပ်ကုတင်လေးတစ်လုံးကတော့ အဲ့ဒီအချိန်ကစပြီး ပိုင်ရှင်မရှိပဲ အမြဲလစ်လပ်နေခဲ့ပါတော့တယ် ။ အစကတည်းက မလိုအပ်ပဲ
တစ်ယောက်အိပ်ကုတင် နှစ်လုံးတောင်
ထားပေးထားတယ်လို့ပင် Jisoo က  Ahjashi ကို အပြစ်တင်နေသေးသည် ။  စီးပွားရေးသမားဆိုတော့  ပိုက်ဆံအပိုကုန်မှာစိုးလို့ပါ 😇။

စီးပွားရေးသမားပီပီ Jisoo ရဲ့  အကွက်မြင်မှုကြောင့် သူတို့ရဲ့ Do ရိုးရာခေါက်ဆွဲကို
တစ်ဆင့်ထပ်ပြီး ခေါက်ဆွဲခြောက်အနေနဲ့ ပြုလုပ်ကာ စျေးကွက်ထဲမှာ ခေါက်ဆွဲခြောက်အနေနဲ့ တင်ရောင်းနိုင်လာခဲ့သည် ။ ဆိုင်ထိုင်စားတဲ့ ခေါက်ဆွဲဆိုင်လေးကိုတော့ မဖြုတ်သေးပဲ တစ်ဖက်ကို ကပ်လိုက်ကာ
ပိုလာတဲ့နေရာမှာ  ခေါက်ဆွဲခြောက်လုပ်တဲ့  စက်ပစ္စည်းတွေ ထားလိုက်ပြီး လက်လုပ်ခေါက်ဆွဲကနေ ခေါက်ဆွဲခြောက်အထိ Do မိသားစု တံဆိပ်တပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရောင်းချလာနိုင်ခဲ့တော့သည် ။

Do Ahjashi ကတော့ အကုန်လုံးကို Jisoo နဲ့ လွှဲထားလိုက်ကာ Ahjima ရဲ့ တနေ့တခြားဆိုးလာတဲ့ ကျန်းမာရေးကိုသာ ပိုလို့ပင် ဂရုစိုက်နေတော့သည် ။ Jennie ကတော့ Jisoo ကို ကူရင်း အလုပ်သမားတွေကို အုပ်ချုပ်ကာ တစ်ဖက်ကလည်း မုန့်လုပ်နည်း Coffee ဖျော်နည်းသင်တန်းတွေ
လိုက်တက်နေတော့သည် ။ သူရဲ့ Coffee
ဆိုင်ဖွင့်ဖို့ ပန်းတိုင်လေးကလည်း
သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ကျော်ကျော်စုထားတဲ့ လစာကြောင့် အကောင်အထည်ဖော်လို့ ရတော့မည်လေ ။

ဒီလိုနဲ့ပဲ သုံးလေးလလောက်အကြာမှာတော့ Do Ahjashi  မရောက်ချင်သော နေ့တစ်နေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တော့သည် ။ ထိုနေ့က Jisoo တို့တတွေ မျက်ရည်ကိုယ်စီနဲ့ပင် Ahjashi ကို နှစ်သိမ့်ပေးခဲ့ကြရသည် ။ အသက်မဲ့နေတဲ့ Ahjima ရဲ့ ခန္ဓာကိုယ်လေးကို ဖက်ဖက်ပြီး ငိုနေတဲ့ Ahjashi ကို Jisoo ဘယ်လိုစကားလုံးနဲ့များ နှစ်သိမ့်နိုင်မှာတဲ့လဲ ။ Jendeuk ကတော့ Ahjima ရဲ့ နောက်ဆုံးအချိန်ထိ Omma လို့ အတွင်တွင်ခေါ်ကာ ငိုနေခဲ့သည် ။
အမေအရင်း တကယ်မဟုတ်ခဲ့ပေမယ့်
အမေတစ်ယောက်လို ဆက်ဆံပေးခဲ့တဲ့ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်မျိုးကို အဲ့နေ့က Jisoo တို့ကောင်းကောင်းကြီး ခံစားလိုက်ရသည် ။ Ahjashi ကတော့ ပြောမပြတတ်အောင်ပါပဲ ။ နှစ်ယောက်တည်းရှိခဲ့တဲ့ ကမ္ဘာကြီးက တစ်ခြမ်းပြိုသွားသည်လေ ။ 
Ahjima ဆုံးသွားတာ တစ်လကြာတဲ့အထိ ဘယ်သူနဲ့မှ စကားမပြောပဲ အစားအသောက်တောင် မမှန်ချင်တဲ့ Ahjashi ကို Jisoo
ကြည့်ပြီး ဘဝမှာ တန်ဖိုးအထားရဆုံးလူကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကြီးကို ကြောက်နေခဲ့သည် ။ Jennie ကတော့ Ahjashi ကို စိတ်ပြေလက်ပျောက် စကားတွေပြောပေးလိုက် အချိန်မှန်ထမင်းဝင်အောင် ကျွေးလိုက်နှင့်ပင် တော်တော်လေးကို ဂရုစိုက်ပေးရှာပါသည် ။ တစ်ခါတစ်ခါ Ahjashi ကို သနားလို့ဆိုပြီး တအိအိနဲ့ ကြိတ်ငိုနေလို့ Jisoo မှာ မျက်ရည်အဝဲသားနဲ့ ချော့ရသေးသည် ။ ထိုအခါကျရင်တော့ နင်လည်း ငါ့ကို ဘယ်တော့မှ အဲ့လိုမထားသွားရဘူးနော် ဆိုပြီး ကတိတွေတောင်းကာ Jisoo ရင်ခွင်ထဲမှာ အိပ်ပျော်သွားတတ်သေးသည် ။

From Zero to Infinity ~~~Where stories live. Discover now