Shirt အင်္ကျီအဖြူလက်ရှည်ပေါ်မှာ အနောက်တိုင်း Coat အနက်ဝမ်းဆက်
ထပ်ဝတ်ထားပြီး မှန်ရှေ့မှာ လေကလေးချွန်ကာ ရှိုးစမိုးအပြည့်ထုတ်နေတဲ့ Pa Kim ကို Jisoo တို့ တ ဝါးဝါးနဲ့ အားပေးနေကြသည် ။ မပါမဖြစ် ဦးထုတ်လေးကို ယူစောင်းလိုက်ပြီး မျက်မှန်အမည်းကြီးပါ တပ်လိုက်တော့
တကယ့်ကို မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင်နဲ့တောင် တူနေသေးသည် ။" ဟဲဟဲ...ဘယ်လိုလဲ ။ ဒီလောက်ဆို လူရိုသေရှင်ရိုသေ ဖြစ်တယ်မလား ။ မိုက်တယ်မလား PaPa စတိုင် "
" ဝါးးးးး.... မိုက်တယ် မိုက်တယ် Pa Kim ။ တကယ့်ကို လူဆိုးခေါင်းဆောင်နဲ့တူတယ် "
Jisoo က လက်မလေးထောင်ကာ ပြောတော့ Pa Kim တစ်ယောက်ကတော့ ကျေနပ်ပြုံးကြီးနဲ့ ။
" ဒါပဲလေ ... လူဆိုတာ ဟိတ်ဟန်က အရေးအကြီးဆုံးပဲ... ဟဲဟဲ ။ ကဲ ဒါဆို PaPa သွားတော့မယ် ။ ဒီအထုတ်လေး ဖျောပြီးတာနဲ့ လက်ဖျားငွေသီးပြီမှတ်လိုက် ။ ဟဲဟဲ.. အော်... ငါ့သားနှစ်ယောက်က Freedom မှာ အကွက်အကွင်း သွားရှာထားလိုက်အုန်းနော် ။ ဒါအလုပ်ဖြစ်ရင် အဲ့ဘက်မှာပါ နယ်ချဲ့မယ် ။ J1 J2 က အိမ်စောင့်နေခဲ့ ။ PaPa ပြန်လာရင် ကြက်ကြော်ဝယ်ခဲ့မယ် "
" Woww... မိုက်တယ်.. မိုက်တယ်... မြန်မြန်ပြန်လာနော် Pa Kim "
" Yangi PaPa... ဂရုစိုက်အုန်းနော် ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ထဲမှာ သိပ်အတင့်မရဲနဲ့နော် "
" ဟုတ်တယ် PaPa ။ သိပ်ပြီး အယုံမလွယ်နဲ့အုန်း ။ ကျွန်တော်တို့ လိုက်ခဲ့ပါမယ်ဆို မဟုတ်ဘူး PaPa ကတော့ "
" အာ... စိတ်ချကြစမ်းပါကွာ ။ မင်းတို့ PaPa ပါ ။ တစ်ယောက်တည်းလည်း ဖြစ်ပါတယ်။ မပိုင်ရင် ခြင်တောင် မရိုက်ပါဘူး ဟဲဟဲ ။ သွားပြီနော် "
" Nae !!! "
Pa Kim တို့ကတော့ တကယ်လည်း
အပြောနဲ့အလုပ်နဲ့ ညီခဲ့ပါတယ် ။
ဟုတ်ပါတယ် ။ မပိုင်ရင် ခြင်တောင်မရိုက်တဲ့ Pa Kim ဟာ အခုတော့ ပိုင်လို့ ခြင်တွေရိုက်နေရပါတော့တယ် ။
နေရာကတော့ အချုပ်ထဲမှာပါ ။
ဟုတ်ပါတယ် ။ တစ်ခေါက်ဆို ဆိုသလောက်ပဲ Pa Kim ဟာ အဲ့နေ့ကပဲ ရဲတွေ ဖမ်းမိတာ ခံလိုက်ရပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ အချုပ်ခန်းထဲ ရောက်သွားပါတော့တယ် ။
Jennie ကတော့ တရှုံ့ရှုံ့နဲ့သာ ငိုနေတော့တာပါ ။ Bobby BI တို့ ညီအစ်ကိုလည်း ဘာလုပ်ရမှန်းမသိဖြစ်ကာ Pa Kim သတင်းကြားကြားချင်း အချုပ်ခန်းကို လိုက်တွေ့ကြပါတော့သည် ။
Jisoo ကတော့ Jendeuk ကိုချော့ရင်း အိမ်မှာပဲ စောင့်နေကာ စိတ်ပူနေရသည် ။
Oppa တို့ ပြန်လာတော့ မျက်နှာမကောင်းကြတာမို့ သူတို့အကုန်လုံး သိလိုက်ရပါပြီ ။
Pa Kim ဘယ်လိုမှ မလွတ်နိုင်တော့ဘူးဆိုတာလေ ။ အနည်းဆုံးတော့ ထောင် ငါးနှစ်လောက်ကျမည်ဖြစ်သည် ။ ရောင်းဝယ်ဖောက်ကားမှုဆိုတော့လည်း အမှုပိုကြီးသည် ။ ဒါတောင် Pa Kim က
ဘာမှမဖော်လို့ အရင်က ခိုးမှုတွေ တစ်ခုမှ
မပေါ် ။ မူးယစ်ဆေးမှုသာ အမှုတပ်လိုက်ကြတော့သည် ။
Pa Kim မရှိတဲ့ ထိုနေ့ညက Jisoo တို့
လေးယောက်လုံး လုံးဝ မတွေးဖူးခဲ့တဲ့ သူတို့ရဲ့ အနာဂါတ်ဆိုတာကြီးကို တွေးနေကြရင်း ဘယ်လိုဆက်သွားမယ်ဆိုတာ အကြံထုတ်ကြရင်းနဲ့သာ မိုးလင်းခဲ့ကြသည် ။
![](https://img.wattpad.com/cover/273648969-288-k713227.jpg)
ВЫ ЧИТАЕТЕ
From Zero to Infinity ~~~
Фанфикဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...