မနက်ရောက်လို့ Jennie နိုးလာတော့
ဘေးမှာ Jisoo က မရှိတော့ ။
ရေချိုးခန်းထဲ သွားကြည့်တော့လည်း မရှိ အခန်းအပြင်ထွက်ပြီး တစ်အိမ်လုံးပတ်ရှာတော့လည်း မရှိတာမို့ Jennie စိတ်တွေ
ပူလာတော့သည် ။
မနေ့က သိလိုက်ရတဲ့ ကိစ္စတွေကြောင့် Jisoo သူထင်နေသလို လုပ်သွားပြီဆိုပြီး
အိမ်ရှေ့က ကွစ်ပျစ်အရှည်ကြီးအပေါ်မှာ တစ်ယောက်တည်း ငုတ်တုပ်လေးထိုင်ပြီး
ငိုမဲ့မဲ့လေး ဖြစ်နေတော့သည် ။
မနက်အစောဆိုတော့ ဆိုင်က အလုပ်သမားတွေလည်း မရောက်သေးတာမို့ ခေါက်ဆွဲဆိုင်ကလည်း မဖွင့်ရသေး ။ ပိတ်ထားတဲ့ ဆိုင်တံခါးကို ကြည့်ပြီး Jennie မျက်ရည်တွေ ဝဲလာကာ ငိုတော့မယ့်အချိန်မှာပဲ
အိမ်တံခါးမကြီးကနေ ဝင်လာတဲ့ Jisoo ကို မြင်လိုက်တော့ အိမ်ထဲတောင် မရောက်သေးဘူး ပြေးဖက်တော့သည် ။" Arh.. Arryooo.... Jendeuk ... ဘာဖြစ်တာတုန်း...လန့်လိုက်တာဟာ"
" နင်.. နင်က ဘယ်သွားတာလဲ... ငါ့ကို မပြောပဲ ဘယ်သွားတာလဲ...အဟင့် ငါက နင်ထားသွားပြီထင်နေတာ "
" အယ်... မငိုနဲ့နော် Jen... မနက်အစောကြီး
ငိုရင် ခေါင်းကိုက်လိမ့်မယ်... ငါက နင်စားဖို့ Mandu သွားဝယ်တာပါဟ... မနက်စာကို ခေါက်ဆွဲချည်းပဲ စားနေရတော့
ငြီးငွေ့မှာစိုးလို့... HeeHee... စျေးထဲက Mandu လေ ။ နင် ကြိုက်တယ်မလား "Jisoo ပြောလိုက်တော့မှ Jendeuk က
ဖက်ထားတာကို ခွာလိုက်ပြီး စိတ်ချသွားဟန်နဲ့ သက်ပြင်းတစ်ချက်ချလိုက်ကာ နှုတ်ခမ်းကပါ စူလာတော့သည် ။" အဲ့ဒါ ဘာလို့ ငါ့ကို မပြောသွားတာလဲ...
နိုးလာတော့ နင်မရှိလို့ လန့်သွားတာပေါ့..
ဟွန့်... နောက်ဆို အဲ့လို မပြောမဆိုပဲ ဘယ်မှမသွားနဲ့နော် "" အော်.. ငါက နင်အိပ်ရေးပျက်သွားမှာစိုးလို့ပါဟ... ညကလည်း အရမ်းငိုထားလို့ ပင်ပန်းထားတာလေ ။ အဲ့ဒါနဲ့ မပြောပဲ အသာလေးထသွားလိုက်တာ ။ အမယ်... ဒါနဲ့
နေပါအုန်း ... မပြောမဆိုပဲ သွားတတ်တာ ဘယ်သူတုန်း Kim Jennie Shi... ငါ့ကို
မပြောပဲ Seoul ထိတောင်ရောက်သွားတာ ဘယ်သူလဲ ပြောစမ်းပါအုန်း "Jisoo က မျက်မှောင်ကြုတ်ကြည့်ပြီး လက်ပိုက်ကာ မေးလိုက်တော့မှ Jennie က သွားဖြဲလေးလုပ်ပြကာ Jisoo လက်ကို
လာချိတ်သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...