Chapter ~ 8

715 96 5
                                    


" အားးးရိုးးးး အိပ်လို့ကောင်းလိုက်တာ "

Jisoo တစ်ချက်အပျင်းဆန့်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ခါးထောက်ပြီး မျက်မှောင်ကုပ်ကြည့်နေတဲ့ အန်တီကြီးတစ်ယောက် ။
Jisoo တစ်ချက်လန့်သွားပြီး
ငုတ်တုတ်ထထိုင်လိုက်ကာ
ဘေးပတ်ဝန်းကျင်ကို အကဲခပ်လိုက်တော့ မနေ့က နေရာပါပဲ ။ ဒါဆို ဒီအန်တီကြီးက ဘယ်သူလဲ ။ သူ့ကို ဘာလို့ လာကြည့်နေတာလဲ...

" ဒီမှာ ကလေးမ... ပြူးကြည့်မနေနဲ့ ။ ငါက ဒီဆိုင်ပိုင်ရှင်ပဲ ။  မင်းတို့ အိမ်ခြေယာမဲ့တွေ
မလား ။ ဒီနေရာက မင်းတို့လို ကလေကချေတွေ ညအိပ်ဖို့ ဖွင့်ထားတဲ့နေရာ မဟုတ်ဘူး ။ ၂၄ နာရီဖွင့်တယ်ဆိုပေမယ့် Hotel မဟုတ်ဘူး ကလေးမရဲ့ "

" ဟို... Ah.. Ahjima... Chaw... Chaw
တို့က ကလေကချေတွေ မဟုတ်ပါဘူး ။ ဟို... အိမ်ခြေယာမဲ့လည်း မဟုတ်ဘူး ။ 
အိမ်ငှားမရသေးတာပဲရှိတာ ။ အာ့ကြောင့် အိပ်စရာမရှိလို့ မနေ့ညက ဒီမှာ အိပ်မိတာပါ ။ အခု.. အခု သွားတော့မှာ "

Jisoo ကြောက်ကြောက်နဲ့ ပြန်ရှင်းပြပြီး
ခပ်တည်တည်နဲ့ပဲ မျက်နှာလွှဲလိုက်ပြီး
ဘေးနားက မနိုးသေးတဲ့ Jendeuk ကို
လက်နဲ့တို့ပြီး နှိုးလိုက်သည် ။ အဲ့တော့မှ အိပ်ပုပ်လေးက မျက်လုံးမပွင့်တပွင့်နဲ့ ထထိုင်သည် ။ လက်ကလည်း မျက်လုံးကို ပွတ်နေ  ပြီး ဆံပင်ကလည်း စုပ်ဖွာလို့ ။

" အံ့ပါရဲ့... အိပ်စရာမရှိတာများ... တည်းခိုခန်းဖြစ်ဖြစ် တစ်ညတစ်လေ သွားအိပ်ကြပေါ့ အခုတော့ မိန်းကလေးတွေဖြစ်ပြီး ဒီတိုင်း အိပ်နေကြတယ်လို့အေ ....
အံ့ပါ့ ...အံ့ပါ့..."

" Ji... Alarm ပေးထားတာလား နားငြီးလိုက်တာ... ဘာသံကြီးတုန်း "

" ဟင်... "

မျက်လုံးမပွင့်ပဲ အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ ပြောချင်ရာ ပြောချလိုက်တဲ့ Jennie စကားကြောင့် Jisoo လန့်သွားပြီး Jendeuk ပါးစပ်လေးကို လှမ်းပိတ်လိုက်သည် ။

" ဟီး.... Miyanhae.. Ahjima... သူ.. သူက ကလေးရှိသေးတာမို့ပါ... ဟီးဟီး... ဟို Chaw တို့ တည်းခိုခန်းတည်းဖို့ကျ အိမ်ငှားဖို့ရာ ပိုက်ဆံက မလောက်တော့မှာ စိုးလို့ပါ ။ အဲ့ဒါနဲ့ ချွေတာပြီး လာအိပ်မိတာပါ ။ တကယ်တောင်းပန်ပါတယ်နော် "

From Zero to Infinity ~~~Where stories live. Discover now