" မောင့်တို့ခိုးပြေးကြရအောင်၊ ဖြေပါအုန်း မေရယ် "" မေလည်း မောင့်ကို မခွဲနိုင်ပါဘူး၊ မောင့်သဘောအတိုင်းပါပဲရှင့် "
ပေတစ်ရာလမ်းမထက်တွင် ပဒုမ္မာအထည်
ဆင်ဆွယ်ရောင် ကော်လံထောင်လျှောလက်အင်္ကျီလေးနှင့် ပန်းနုရောင် ပြောင်ထဘီဝတ်ထားသော မိန်းမပျိုလေးသည် သူ၏အသက်သမျှချစ်ဦးသူ ယောကျာ်းပျို၏လက်မောင်းကိုတွဲခိုထားလျက် အပြုံးချိုချိုတို့ဖြင့် ချစ်စကားတီတီတာ တာဆို၍ လမ်းလျှောက်နေလေသည်။ ထိုအချိန် ၌ ကားတစ်စီးသည် ထိုလူငယ်စုံတွဲဆီ တည့်တည့်မတ်မတ်ဦးတည်လာ၏။ အတိအကျဆိုရသော် မိန်းမပျိုလေးထံ ဦးတည်လာခြင်းပင်။" ဒုန်း..."
လွှင့်စင်သွားသော မိန်းမပျိုသည် ပလက်ဖောင်းထက်သွေးအိုင်များကြားမှ မျက်နှာထက်တွင်အပြုံးချိုချိုဆင်မြန်းပြီး ချစ်သူရှိရာဘက်သို့ လက်ကမ်းနေပေသည်။
" သိပ် သိပ်ချစ်တယ် မောင့် "
ယောကျာ်းပျိုသည် အမြန်ပြေးသွား၍ ငြိမ်သက် နေပြီးဖြစ်သော ချစ်သူအား ရင်ခွင်ထဲပွေ့ယူလိုက်သည်။ ထို့နောက် မျက်နှာကိုလှည့်လိုက်ပြီး စကားဆိုလာ၏။
" မုန်းတယ်... မောင့် မင်းကိုမုန်းတယ် မေ၊ မောင့်ကိုထားသွားတဲ့ မေ၊ မောင်သိပ်မုန်းတာပဲ မေရယ် "
" အား... "
မိမိနှလုံးသားအား တစ်စုံတစ်ယောက်မှလှုပ်ကိုင််လိုက်သည့်ပမာ နာကျင်မှုဖြင့် ကိဝီနှိုးထလာခဲ့ရပြန်၏။ ထိုအိမ်မက်ကို မြင်မက်တိုင်းလည်း ထိုယောကျာ်းသည် ကိဝီမျက်နှာဘက်သို့ တည့်တည့်လှည့်၍ မုန်းကြောင်းဆိုလေ့ရှိသည်။ ထိုအချိန်တိုင်းလည်း ကိဝီလန့်နိုးခဲ့ရသည်ချည်းသာ ဖြစ် ၏။
" နိုးရင်လည်း ထတော့။ အပျင်းတစ်မနေ့နဲ့ "
" ဟုတ်ကဲ့။ ထပါပြီး ဒေါ်လေး "
" အေးအေး၊ နင်အတွက်ပြောတာ "
" ဟုတ်ကဲ့ "
ကိဝီ မနက်ပိုင်းစျေးတွင် ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီးအစရှိသော အိမ်ထွက်များကို သွားရောင်းဖြစ်သည်။ မျက်နှာသစ်ပြီး ညတည်းက ပြင်ဆင်ထားသော အသီးအရွက်တောင်းကို စက်ဘီးနောက်ချည့်၍ စျေးသို့ထွက်ခဲ့သည်။ စုတ်ပျက်နေပြီးဖြစ်သောစက်ဘီးကြောင့် ပုံမှန်ထက်ပိုအားစိုက်၍ နင်းရလေသည်။ စျေးရောက်လျှင် ကိဝီပုံမှန်စျေးခင်းနေကျနေရာ၌ လူရောက်နေသည်။
YOU ARE READING
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။