မင်းရဝိန်တစ်ယောက် ကိဝီ၏ခြံရှေ့၌ ရောက်နေခြင်းပင်။ ကိဝီသည် စိုက်ပျိုးခြံအတွင်း၌သာ နေထိုင်သည်ကို ရဝိန်သိပြီးပြီးဖြစ်သည်။ ခြံတံ ခါးသည်လည်း သော့ခတ်မထား။ ထို့ကြောင့်
အသာတွန်းဖွင့်၍ ရဝိန်ဝင်ခဲ့လိုက်သည်။ ဒူးရင်း ပင်တစ်ပင်အောက်အရောက်တွင် ကိဝီ၏အသံကို ကြားလိုက်ရသည်။" အောက်ကလူ အောက်ကလူ ဖယ် ဖယ် ဝုန်း... အား..."
ကိဝီ ဒူးရင်းပင်ပေါ် မှ အမြန်ဆင်းပြီး အသီးဖြင့်
အဖိခံလိုက်ရသူကို လှမ်းကူထူလိုက်သည်။ မျက် နှာကိုတွေ့လိုက်ချိန်မှာ မထင်မှတ်ထားသူ ဖြစ်နေပြန်သည်။" ရဝိန် ! မင်းရဝိန် ဘာလို့ရောက်လာ "
ကျောဘက်မှခြစ်ရာ အများအပြားရသွားသော ရဝိန်ကို ဆေးလိမ်းပေးနေရာမှ အားနာစိတ်ဝင်ရသည်။ သို့သော်လည်း အသံမပေးဘဲ သူ့များခြံထဲဝင်မှတော့ ဒီလောက်ထိတာတောင် နည်းသေး ၏။ ခေါင်းထိမသွား၍ တော်သေးသည်ဟု ဆိုရမည်။ အသီးပင်များအောက် ရဝိန်ကိုထားခဲ့၍
ကိဝီရေခဲသေတ္တာထဲမှ အချိုရည်တစ်ဗူးသွားယူပေးလိုက်သည်။" ရော၊ ငါမှာ ဒါပဲရှိတယ်၊ မင်းသောက်မလား "
" ပေး "
" မင်းငါခြံထဲ ဘာလာလုပ်တာလဲ "
" မင်းဆီလာတာ၊ ငါ မင်းကို ချစ်တယ် "
အဆုံးအစမရှိသောစကားကို ဆိုလာသည် ရဝိန် အား ကိဝီသေချာကြည်လိုက်လျှင် ဒင်းကအညိုဆင် handsome type ဖြစ်ပေသည်။
" ဘာပြောလိုက်တာ၊ ရှင်းရှင်လင်းလင်းပြန်ပြော ရဝိန် "
" ငါ ရဝိန်က မင်း ကိဝီကို ချစ်တယ်လို့ ရပြီးလား "
" မောင်မဲရေ... မောင်မဲ "
" ဟာ... "
ရင်ထဲ ပျော်မိ၏။ ဘယ်လိုတောင်လဲ။ ချက်ချင်း လိုက်ခဲ့တော့မလို့များလား။ အလုပ်သမားလေးကို ခြံအပ်ထားခဲ့မည်ထင်၏။ ရဝိန်မျက်နှာထက် အပြုံးပန်းဆင်ပြီး စောင့်နေလိုက်သည်။
ကိဝီ ရှေ့ကပြုံးတုံးတုံးလုပ်နေသော ရဝိန်ကို ကြည်၍ ဘယ်အချိန်ထိဆက်ပြုံးနေနိုင်မလဲဟူသောအပြုံးဖြင့် ပြန်ကြည်လိုက်သည်။ ရဝိန် မှာတော့ ကိဝီပြုံးပြနေသည်ကို သဘောအကျကြီးကျနေပေသည်။
YOU ARE READING
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။