🌈အချပ်ပို(၃)🌈

2.3K 120 0
                                    


ကိဝီလက်ဖျားများအေးလာသည့်အပြင် ခြေဖျားများပါ အေးလာ၏။ ဘေး၌ရှိနေသော ရဝိန်မှာတော့ အားပေးဖော်မရစွာရှိနေပေသည်။

ဒေါ်ပျိိုမဒီ ရှေ့၌ထိုင်နေသော သားဖြစ်သူနှင့် ​
ငြိမ်သက်စွာထိုင်​နေသော ကောင်လေးကို စေ့စေ့ကြည်လိုက်သည် ။ ချောတာထက်ကို လှတာဟုပြောလျှင် ပိုမှန်ပေသည်။ ဒါတောင် ဘာမှမပြင် ဆင်ထား။ အင်္ကျီသည်လည်း ရှပ်အင်္ကျီပြောင်လေးနှင် ယောပုဆိုးကိုသာ ဝတ်ဆင်ထားပြီး
ဂတုံးဆံပင်ပေါက်ကေဖြင့် ကောင်ချောလေးထံ ကြည်ပြီး စကားဆိုလိုက်သည်။

" အဟမ်း အဟမ်း "

ချောင်းဟန့်လိုက်သော်လည်း အမှီမပျက်ထိုင်နေသော သားတော်မောင်ကြောင့် မတ်မတ်လေးထိုင်နေသည် ကောင်လေးဆီကိုသာ အကြည်စူးစူးပိုထားလိုက်သည်။

" သေချာနားထောင် "

အတန်ကြာထိုင်ပြီးခါမှ စကားစလာသော ရဝိန်
အမေက စကားဆိုလာလျှင် ခေါင်းညိတ်ထောက် ခံပေးလိုက်သည်။ ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေသော ကောင်လေးကြောင့် ဒေါ်ပျိုမဒီစကားဆက်လိုက်သည်။

" အန်တီသဘောမတူနိုင်ဘူး "

" ဗျာ "

" ဘာလို့ ! ! "

ကိဝီသည်သာမက မင်းရဝိန်ပါ လှုပ်လှုပ်ရှားရှားဖြစ်လာ၏။

" မကြားလိုက်ဘူးလား ငါ့သား "

မင်းရဝိန် မယုံနိုင်သေး။ မာမီက သဘောမတူဟု ဆိုလိုက်တာကို အံ့သြမိသည်။

" မာမီ "

" ဘာလဲ "

အသံကျယ်ကျယ်ဖြင့် ခေါ်လာသော သားဖြစ်သူကို သူ့နည်း၎င်း ပြန်ထူးလိုက်သည်။

" မာမီပဲ ပြောတယ်လေ၊ ကြိုက်ရင် လက်မနှေးနဲ့ဆို၊ ခုတော့ဗျာ..."

စိတ်ပျက်သည် အမူရာဖြင့် စကားဆိုလိုက်သော သားဖြစ်သူကြောင့် ဒေါ်ပျိုမဒီ မျက်စောင်းလေးဝင့်ပြီး ကောင်လေးဘက်သို့ကြည်လိုက်လျှင် အေးဆေးငြိမ်သက်စွာ ထိုင်နေပေသည်။

" အမယ်လေး လေး...မျက်နှာအမူရာက ဘာဖြစ်၊ မသိရင် ငါကပဲ လူဆိုးမကြီးကျနေတာပဲ "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Место, где живут истории. Откройте их для себя