🌈၂🌈

8.5K 487 2
                                    


" ခစ် ခစ် ခစ် ဟာ...မောင့် မဆိုးနဲ့ကွာ၊ မောင့် နော် "

ရင်ခွင်ထဲလူးလှိမ့်၍ ရယ်(ရီ)မောနေသော မိန်းမပျိုလေးကို သူ၏ချစ်သူဖြစ်ဟန်တူသော ယောကျာ်းပျိုမှ အချစ်တို့ပျော်ဝင်နေသော
မျက်ဝန်းတို့ဖြင့် နွေးထွေးစွာပြုံးကြည်နေလေသည်။

" မောင့်ကို ချစ်လား၊ ပြောပါအုန်း မေရဲ့ "

" မသိဘူးကွာ၊ အမြဲတမ်းပြောခိုင်းနေတယ် ခစ်
ခစ် တော်တော့၊ မစနဲ့တော့ မေမောလှပြီး  "

အမေးစကားအတွက် အဖြေ​ပြန်မရလေ၍ ယောကျာ်းပျိုသည် မိန်းမပျိုအား စိတ်ကောက်ဟန်မူပြလျှင် မိန်းမပျိုလေးသည် ခိုးခိုးခစ်ခစ် ရယ်(ရီ)လေသည်။

" မောင့်မျက်နှာလေး ပြပါအုန်း၊ မောင့်နားထောင်နော်။ မေက မောင့်ကို သိပ်သိပ်ချစ်ပါသတဲ့ရှင့် "

အဖြေကိုကြားလိုက်သော ​ယောက်ျားပျိုသည် မိန်းမပျိုအားအပြုံးလေးဖြင့် ပြန်ထွေးပိုက်လိုက်သည်။

...📱...(ဖုန်းသံ)📱...

ကျယ်​လောင်စွာထွက်ပေါ်လာသောဖုန်းသံ
ကြောင့် ကြည်းနူးဖွယ်အိမ်မက်ကောင်းလေးမှာ တစ်ခန်းရပ်သွားရ​လေသည်။ ရဝိန်ဖုန်း contact ကိုကြည်လိုက်လျှင် သူငယ်ချင်းဇော်ထံမှ ဖုန်းဖြစ်လေသည်။

" Hello ဇော်၊ ငါနိုးပြီး "

ရဝိန်ဖုန်းချ​ပြီး နာရီကြည်လိုက်လျှင် မနက် ၉ နာရီထိုးနေပြီး။ မကြာခင် စာများပြန်လုပ်ရမည်ဖြစ်သ​ဖြင့် အချိန်ရှိတုန်းသူငယ်ချင်းများနှင့် အပြင်ထွက်ရန် အိပ်ယာထက်မှထ၍ ပြင်ဆင်လိုက်သည်။ ခဏအကြာတွင် ဇော်၏ဆိုင်ကယ်သံကို ကြားလိုက်ရသည်။

..📣.....📣📣...(ဆိုင်ကယ်သံ)..

ရဝိန်ဧည့်ခန်းမှအဖြတ် အဖေဖြစ်သူ၏လှမ်းမေးစကားကို ကြားလိုက်ရသည်။

"သား ဘယ်သွားမလိုလဲ "

ရဝိန်ပြန်မဖြေဘဲ ခြံရှေ့ကိုသာ ထွက်လာလိုက်ခဲ့သည်။ မုန့်ဖိုးအဖြတ်ခံထားရ၍ ဆိုင်ကယ်ဆီ လည်း မထည့်နိုင်။ ထို့ကြောင့် သူငယ်ချင်းဆိုင်ကယ်နောက်သာ ခွလိုက်သည်။ ပုံမှန်စားဖြစ်နေကျဆိုင်သို့ရောက်လျှင် သက်ပိုင်နှင့်စိုးသက်နောင်တို့နှစ်ယောက် ကြိုရောက်နေသည်ကို
တွေ့လိုက်ရသည်။

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Hikayelerin yaşadığı yer. Şimdi keşfedin