🌈၁၀🌈

4.5K 334 1
                                    


ကိဝီအနောက် လူလွတ်၍ စုံစမ်းခိုင်းထားသည်။ ရဝိန်လက်ထဲမှ ကိဝီ၏ဓာတ်ပုံကိုကြည်ပြီး စိတ်မချနိုင်သောစိတ်တို့ ပိုရပြန်၏။ ကိဝီသည် ပိုချော၊ ပိုလှလာသည်အပြင် အရပ်ကြီးလည်း အားကိုးချင်စဖွယ်ကောင်းအောင် ပိုရှည်လာသည်။

" ဘာတွေပြုံးနေတာလဲ ငါ့သား "

သားဖြစ်သူပြုံးကြည်နေသောဓာတ်ပုံကို ဒေါ်မဒီ ဆွဲယူကြည်လိုက်ပြီး

" တော်တော်လှတာပဲ၊ သားကြိုက်တဲ့ ကောင်လေးလား "

ရဝိန်ခေါင်းညိတ်ပြီး အဖြေပြန်ပေးလိုက်လျှင် ဒေါ်ပျိုမဒီ ဆက်ပြောလာသည်။

" ကြိုက်ရင် ရအောင်လိုက်၊ လက်မနှေးနဲ့ ငါ့သား၊ သူများနောက်ပါသွားမှဖြင့် သိတယ်မလား "

ဒေါ် မဒီသည် ဓာတ်ပုံကို ရဝိန်မျက်နှာဘေး တိုးကပ်၍ ယှဥ်ကြည်လိုက်သည်။

" ငါ့သားက အညိုဆင်၊ သူက အင်း...၊ ချောက လက်နဲ့နို့က လိုက်ဖက်တယ် perfect "

ခေါင်းတညိတ်ညိတ်နှင့် ရေခဲသေတ္တာသွားဖွင့်နေ သည်  မိခင်ဖြစ်သူကို ရဝိန်လှမ်းကြည်၍ ခိုင်မာ သော ဆုံးဖြတ်ချက်ချတစ်ခုကိုချလိုက်သည်။

" ဒီရက်ပိုင်းစောင့်ကြည်ခံနေရတယ်လို့၊ ငါ့ခံစားမိနေတယ် "

" စိတ်ထင်လို့ပါ မဝေ "

" ငါတို့ ဒီမှာ "

ဆိုင်ထဲဝင်လာသောသက်ပိုင်ကို ကိဝီလက်လေး လှမ်းပြလိုက်သည်။

ပူးကပ်နေသော အရှေ့ကကောင်လေးနှစ်ယောက် ကို မျက်နှာချင်းဆိုင်ရှိ စားပွဲတစ်ချပ်စီမှ အဝတ်အလုံ့ပိတ် ခေါင်းစွပ်အင်္ကျီဝတ်၍ မျက်မှန်ကြီးများတပ်ထားသောလူနှစ်ယောက်သည် စောင့်ကြည်နေလေ၏။

" ကိဝီ ဒီဘက်နားနည်းနည်းထပ်တိုးလာ "

" ဘာလို့လဲ သက်ပိုင် "

" အရှေ့က စားပွဲကိုမသိမသာကြည်လိုက်၊ ငါတို့ကို စောင့်ကြည်နေသလို့ပဲ၊ ဘယ်က ကလေက ချေကောင်တွေလည်း မသိဘူး "

သူဇာဝေလည်း တိုးတိုး တိုးတိုးနှင့် ပြောနေကြသော သက်ပိုင်တို့အနားခေါင်းတိုးကပ်သွားလိုက်သည်။

" ဘာဖြစ်လို့လဲ သက်ပိုင် "

" ရှူး တိုးတိုးပြော မဝေ၊ ရှေ့ကို မသိမသာကြည်လိုက်၊ တွေ့လား "

" တွေ့တယ်၊ ဘယ်လို့လုပ်မလဲ "

ဒီနေ့တော့ ရဝိန်ကိုယ်တိုင် ကိဝီအနောက် ရုပ်ဖျက် ၍ လိုက်ချောင်းဖြစ်သည်။ ကိဝီတို့ cake ဆိုင်တစ်ဆိုင်ထဲဝင်သွား၍ ရဝိန်လည်း နောက်မှ
လိုက်ဝင်လိုက်သည်။ စောင့်ကြည်နေချိန် ထပ်ရောက်လာသူသည် သက်ပိုင်ဖြစ်နေ၍ ရဝိန်အ နည်းငယ်အံ့သြသွားရသည်။ သက်ပိုင်သည်
ငနောင်မသိအောင် လစ်ထွက်လာပုံပင်။ မကြာပါ ခေါင်းသုံးလုံးပူး၍ တိုးတိုး တိုးတိုးနှင့် ပြောနေကြ၍ အကြောင်းအရာအား ရဝိန်မကြားရတော့​ချေ။ ရဝိန် အာရုံစိုက်နားထောင်နေချိန် အလုပ်မှ ဖုန်းဝင်လာ၏။ အရေးကြီးကိစ္စဖြစ်နေ၍ ကိဝီတို့စားပွဲထံတစ်ချက်ကြည်ပြီး အလုပ်ရှိရာသို့ ပြန်ခဲ့လိုက်သည်။

ရုပ်ဖျက်ထား​သော လူတစ်ယောက်ထထွက်သွားပြီးခါမှ ကိဝီတို့လည်းပြန်ရန်အတွက် ထလိုက်ကြသည်။ ဘယ်လို့ဖြစ်ဖြစ်ပါလေ။ အခုဆိုလျှင် သုံးယောက်တစ်ယောက်ပင်။ ဆက်လိုက်လာသော ထိုလူကြောင့် ကိဝီ၊ သက်ပိုင်နှင့် မဝေတို့ သုံးဦး
လူရှင်းသောလမ်းကြားထဲသို့ ချိုးဝင်လိုက်သည်။

စိုးသက်နောင် ဝက်ကလေး၏အမူအရာကို
မသင်္ကာ၍ လိုက်ချောင်းရာမှ လမ်းကြားလေး၌ ပျောက်သွားသည်။ စိုးသက်နောင် ဟိုဟိုဒီဒီ ရှာကြည်နေချိန် နောက်စေ့ဆီမှ ပူထူမှုကို ခံစား လိုက်ရလေ၏။

" မဝေ သူသေပြီးလား၊ ဘယ်လို့လုပ်ကြမလဲ "

" ရဲကိုအကြောင်းကြားလိုက်ရမလား "

" ငါထောင်မကျချင်ဘူး ကိဝီ၊ ပစ်ထားခဲ့လိုက်
မလား"

" ပစ်ထားမှ သေသွားရင်ရော "

" သယ်သွားမယ် "

" ဘယ်လဲ ×2 "

" ငါ့ခြံထဲကိုး "

နောက်ဆုံးမှာ ကိဝီ၏စိုက်ပျိုးခြံထဲ ခေါ်သွားရန် သဘောတူလိုက်ကြသည်။ ထို့နောက် လဲနေသူ၏ မျက်နှာမှ mask ကိုချွတ်၊ sunglasses ကိုချွတ်လိုက်လျှင် သက်ပိုင်နှုတ်မှ အံ့သြသံထွက်လာ​လေသည်။

" စိုးနောင် ! "

" ဘယ်လို့ ! နင်ပြောပြောနေတဲ့ စိုးနောင်လား "

"ဟုတ်တယ် ဟုတ်တယ်၊ အိမ်ပြန်ပို့ပေး​ကြအုန်း "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Hikayelerin yaşadığı yer. Şimdi keşfedin