" ရဝိန် "နာမည်ခေါ်သံကြောင့် မင်းရဝိန် အသံလာရာဘက်ကြည်လိုက်လျှင် လွန်ခဲ့သောနှစ်များက နိုင်ငံခြားထွက်သွားသော သူငယ်ချင်းဘရဏီဇော်ကို တွေ့လိုက်ရသည်။
" ဇော် ဘယ်တုန်းကပြန်ရောက်တာလဲ "
" တစ်လလောက်ရှိပြီး "
" သက်ပိုင်တို့နဲ့တွေ့ပြီးပြီးလား "
" ဟင့်အင်း ရဝိန်၊ နင်ခုထိတစ်ယောက်တည်းပဲလား။ အဖော်မပါဘူးလား "
" မဟုတ်တော့ဘူး "
ပြုံးရွှင်နေသော ရဝိန်မျက်နှာဘေးကြောင့်
ဘရဏီဇော် နောက်ကျသွားမှန်းရိပ်မိလိုက်၏။ ရဝိန်၏အချစ်ကိုရသော အမျိုးသမီးသည် တော်တော်ကံကောင်းမှာပင်။ အခုပြန်လာချိန်မှာနောက်ကျသွားပြီး။ မိမိအတွက် နေရာမရှိနိုင်တော့ဘူးဘဲ။ အရင်ကလည်း ရဝိန်ရင်ထဲ မိမိအတွက်နေရာမရှိခဲ့ပါ။ နောက်လည်း မရှိနိုင်မည်ပုံပင်။...📱...(ဖုန်းသံ)..📱..
" Hello မေ "
"........"
" စိတ်ချ နောက်မကျစေရဘူး၊ တစ်ညထဲပဲ "
"............."
" စိတ်ချပါ၊ စောစောပြန်ခဲ့မယ် တာတာ့ "
ဖုန်းပြောနေသော ရဝိန်၏မျက်နှာကို တစ်ခဏကြည်၍ ဘရဏီဇော်ပြုံးမိသည်။ ရဝိန်သည် သူ့အမျိုးသမီးကို တော်တော်ချစ်ပုံရသည်။ နာမည်က "မေ" တဲ့လား ။အတိတ်မှ ရဝိန်၏ချစ်သူနာ မည်သည်လည်း "ခင်လေးမေ" ဖြစ်သည်ကို
အမှတ်ရမိပြန်သည်။ တိုင်ဆိုင်မှုတွေသည် များလိုက်လေခြင်း။ရဝိန်ဖုန်းပြောပြီးချိန်၌ သူငယ်ချင်းဖြစ်သူကို
မတွေ့ရတော့။ ထို့ကြောင့် ရဝိန်သူငယ်ချင်းများ
နှင့်ပျော်ပါးရန် ချိန်းဆိုထားသော super star KTV သို့သာ ချီတတ်ခဲ့လိုက်သည်။" သောက်လေ၊ ဘာလဲ... အိမ်က ယောကျာ်းကိုကြောက်လို့လား "
" ကြောက်စရာလား၊ ဟေ့ကောင် ဘာရယ် (ရီ) တာလဲ "
" မင်းခန္ဓာကိုယ်ကြီးမှ အားမနာ၊ အဖြေရပြီးနောက်နေ့မနက်ဖျားသွားတယ်လား၊ ဟားဟားဟား...ငါမရယ်(ရီ)ဘူးနော်၊ ဟားဟားဟား... ယောကျာ်းကြောက် "
YOU ARE READING
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။