🌈၉🌈

4.5K 320 0
                                    


ကိဝီစာမေးပွဲပြီးသွားခဲ့ပြီး ဖြစ်သည်။ ရဝိန်နှင့်လည်း မတွေ့ဖြစ်တော့။ ရဝိန်သည်လည်း စာမေးပွဲနီးလာပြီးဖြစ်၍ အရေးကြီးဘာသာများအတွက် အနီးကပ်ကျူရှင်လိုက်တတ်နေသည်။
ခုဆိုလျှင် ကိဝီ ပန်းဖြတ်၊ ပေါင်းတင်အလုပ်ကိုပဲ လုပ်ဖြစ်သည်။ ရဝိန်အား သတိရမိသော်လည်း ကိဝီ အတတ်နိုင်ဆုံးသည်းခံပြီးနေသည်။

ရဝိန်ရှေ့၌ တွက်စာရှင်းနေသော ဆရာမထံ၌ အာရုံမရှိ။ ပိစိကိုပဲ သတိရနေမိ၏။

" ဘယ်ဆီရောက်နေလဲ ပိစိ"

ရဝိန် စာမေးပွဲပြီးပြီးချင်း တစ်ခါမှမရောက်ဖူးသေးသော ပိစိအိမ်သို့ အတည်ပြုစရာအတွက်သွားခဲ့သည်။ ခြံရှေ့ရောက်လျှင် ယောင်လည် လည်နှင့် ပိစိအားတွေ့လို့တွေ့ငြား စောင့်နေမိ သည်။ သို့​သော် ကံကြမ္မာက ကျီစယ်၏။

" ကောင်လေး ဘာလုပ်နေတာလဲ "

" ကိဝီတို့အိမ်မလား၊ ကိဝီကိုစောင့်နေတာပါ အဒေါ် "

" ကိဝီတို့ပြောင်းသွားပြီးလေ ကောင်လေး၊ မသိလိုက်ဘူးလား။ တစ်ပတ်လောက်တောင်ရှိပြီး "

ရဝိန် ဘာစကားမှပြန်မပြောနိုင်တော့။ လာမေး​
သောသူသည်လည်း သူ့အိမ်ထဲသူပြန်ဝင်သွားခဲ့ပြီး။

" လွမ်းတယ် ပိစိ၊ ပြန်တွေ့လို့ကတော့ ထွက်သွားခွင့်မပေးတော့ဘူး၊ ငါ့ရင်ခွင်ထဲ အပိုင်သိမ်းထားမယ်၊ အိမ်မက်ထဲက ကောင်မလေး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ့ မင်းကို ချစ်တယ် "
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
၃နှစ်ရှိပြီး။ အိမ်မက်နှင့်သာ ကိဝီ "မောင်"အား
လွမ်းစိတ်ဖြေနေရသည်။ "မောင်"ဟု တိတ်တိတ်လေးခေါ်ခွင့်ရနေသည်နှင့်တင် ကိဝီပျော်နေနိုင်အောင်ကြိုးစားခဲ့သည်။ ကိဝီ ကျောင်းမပြီးခဲ့ပါ။ အခုဆိုလျှင် ကိဝိီတစ်ကောင်ကြွက်ဖြစ်ခဲ့လေပြီး။ ဒေါ်လေးဆုံးသည်မှာလည်း ၃နှစ်ပြည်ခဲ့ပြီး။ ဒေါ် လေး ဆေးရုံ၌ အသည်းအသန်ဖြစ်နေချိန်တွင် ရဝိန်၏ချစ်သူရောက်လာခဲ့သည်။

" ရော့ နင်လိုချင်တဲ့ ပိုက်ဆံ၊ ရဝိန်အနားထပ်မမြင်ရစေနဲ့၊ အဖေနဲ့ကိုကပ်တာ အားမရသေးဘဲ သား အနားထပ်ကပ်လာတာမလား "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Where stories live. Discover now