🌈၄🌈

5.6K 387 0
                                    


သူဇာဝေနှင့် ဘရဏီဇော်တို့နှစ်ယောက်တည်း တွေ့ဆုံရန် အကြောင်းဖန်လာသည်။ တွေ့ဆုံမှုအစသည် သူဇာဝေထံ ဘရဏီဇော်ဖုန်းဆက်ခေါ်ခြင်းမှစ၏။

" မသူဇာဝေရောက်တာ ကြာပြီးလား၊ နည်းနည်း နောက်ကျသွားတယ်၊ အားနာလိုက်တာ "

" ရပါတယ် "

သူဇာဝေအအေးဆိုင်၌ ထိုင်နေသည်မှာ စရောက်ချိန်မှဆိုလျှင် ၁ နာရီခွဲကျော်ပြီး ဖြစ်သည်။ စခေါ် သော ဘရဏီဇော်သည် နောက်ကျမှရောက်လာသည်။

" ရှင်းရှင်းပဲပြောပါမယ် မသူဇာဝေ၊ ရဝိန်နဲ့ အ ဆက်ပြတ်လိုက်ပါ "

" အဆက်ပြတ်ရမယ် ဟုတ်လား၊ ဘာလို့လဲ... မင်းနဲ့ရော ဘာဆိုင်လို့လဲ၊ ဒီစကားက မင်းလာပြောစရာလည်းမလိုဘူး ထင်တယ် "

" ဆိုင်တာပေါ့။ ​သူငယ်ချင်းအဆင့်ကနေ ချစ်သူရည်းစားဆိုတဲ့အဆင့်ကို မ​ကြာခင်တတ်တော့မှာလေ၊ အဆုံးမှာလည်း ရဝိန်ရဲ့သတိုးသမီးနာမည်က ဘရဏီဇော်ပဲဖြစ်လာမှာ "

ရှေ့တစ်မျိုး၊ နောက်တစ်မျိုးဖြင့် မျက်နှာနှစ်ခွ ပိုင်ရှင်မြွေ​ဟောက်မ ကဲ့သို့သော ဘရဏီဇော်အပြောကြောင့် သူဇာဝေလက်သီးတင်းတင်း
ဆုပ်ထားလိုက်ရသည်။

၂ နှစ်ကြာပြီးသောအခါ...

" ရဝိန် မင်းဒီနှစ်အအောင်ဖြေတော့ "

" ဟုတ် "

" ပြောလိုက်ရင် ဟုတ် ဟုတ်နဲ့ ၂ နှစ်ရှိပြီး​​နေပြီး။
အခုထိမအောင်သေးဘူး "

" ဆယ်တန်းက နတ််ကြီးတယ်၊ တချို့ဆို "

" တိတ်လိုက်တော့ ရဝိန်၊ စာစစ်ဖို့ ဆရာသီးသန့် တစ်ယောက်ထပ်​ခေါ် ထားပေးတယ်၊ ဒီနှစ်တော့
အောင်အောင်ဖြေ "

"မောင်လေး ဒီမှာထိုင်လို့ရမလား၊ အခြားခုံတွေ လူပြည့်နေပြီး၊ အစ်မစာတမ်းအမှီထပ်ဖို့ ရှိလို့ပါ "

" ဟုတ်ကဲ့ အစ်မ၊ ရပါတယ် ထိုင်ပါ "

ကိဝီအိတ်တင်ထားသော ဘေးခုံ၌ အသားဖြူဖြူချောချောနှင့် မိန်းကလေးတစ်ယောက်ထိုင်ခွင့် တောင်းလာသည်။ ထိုမိန်ကလေးသည် ဆံပင်ခါး​ အောက် မရောက်တရောက်လေးနှင့် မဟာဆန်ဆန်လှပေသည်။ ကိဝီလည်း အကြည်တို့ကို ရပ်လိုက်ပြီး စာဆက်လုပ်နေလိုက်သည့်မှာ အချိန်ဘယ်လောက်ရှိသွားသည်ကိုပင် သတိမရအောင် အာရုံဝင်သွားရ၏။

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Onde histórias criam vida. Descubra agora