စားသောက်ပြီးစီး၍ ဧည့်သည်များပြန်သွားချိန်တွင် ရဝိန် ကိဝီအနားသို့ တိုးကပ်သွားလိုက်သည်။ ရုတ်တရက်ဖြစ်သွားသော အခြေနေကိုလည်း မယုံနိုင်သေး။ ကိဝီက ချစ်တယ်တဲ့။" ကိဝီ ငါတို့အခုရည်စားဖြစ်ပြီးဟုတ် "
" ဆိုပါတော့ "
ဒီလောက်ရှင်းလင်းသော အဖြေပေးထားသည်ကိုလာပြန်မေးနေသေးသည့်ရဝိန်ကို မသိလေခြင်း ဟူသော အကြည်ဖြင့်ကြည်လိုက်သည်။
" ဒါဆို ဒီညအတူတူအိပ်ရအောင်၊ အပြင်မှာအိပ်ရတာ ခြင်ကိုက်တယ် "
" ရတယ်၊ ငါအခန်းထဲလာအိပ် "
ကိဝီသည် မထင်ထားသော အခွင့်ရေးပါပေးလာသည်ဖြစ်၍ ရဝိန်စိတ်ခုန်သွားရသည်။ (စိတ်ခုန်=crd အဝင်း) ရဝိန် စိတ်ပျော်စွာနှင့် ပေါင်းပင်များကို အားကြိုးမာန်တတ်ရှင်းလိုက်သည်။
သီချင်းလေးတကြော်ကြော်ဆို၍ မြက်နှုတ်နေ
သည့်ရဝိန်ကိုကြည်ပြီး ကိဝီပြုံးလျက် တိုးတိုးလေးစကားဆိုမိ၏။" ရဝိန် မင်းသိလား၊ ငါက မင်းကိုချစ်ဖို့အတွက် မွေးဖွားလာတယ်ဆိုတာ၊ အတိတ်ဘဝက မေ မောင့်ကို လုံ့လောက်စွာ မချစ်ပေးနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီဘဝမှာတော့ မင်းကိုလုံ့လောက်သည်ထက်ပိုအောင် ငါချစ်ပေးပါမယ် "
သူဇာဝေ ကြေကွဲနေသည်။ မိမိ ship သည် cp မှာ ဖြစ်မလာနိုင်တော့ပေ။ ဒီနေ့မနက် ကိဝီခြံကို အလည်သွားကြရာတွင်လည်း သက်ပိုင်သည် သူ၏စိုးနောင်ကိုပါ လေသန့် ရှူရန်ဆိုသော အကြောင်းပြချက်ဖြင့် ခေါ်လာသည်။ စိုက်ပျိုးခြံရောက်လျှင်လည်း မထင်ထားသော ရည်းစားဟောင်းမင်းရဝိန်နှင့် ထပ်တွေ့ရပြန်၏။ ထိုမှ
ကိဝီနှင့်မင်းရဝိန်တို့ ရည်းစားဖြစ်သွားသည်ကို သူဇာဝေမျက်ဝါးထင်ထင် မြင်ခဲ့ရသည်။" အမယ်လေး ငါရဲ့ပထမဆုံး cp လေး ဟင့်၊ ပြီးတော့...ဟင့် သံယောဇဉ်လက်ကျန်ပိစိ ရှိနေသေးတဲ့ ရည်းစားဟောင်းပါ gay သွားတယ်။ အမယ်လေး...အမေရဲ့ "
သူဇာဝေ ကြည်နေသော ကိုရီယားကားမှ ဇာတ် ကောင်များသည်လည်း မပေါင်းဖက်ရဘဲ သေသွားကြပြန်၏။ ရှေ့မှ TV ကိုကြည်၍ သူဇာဝေ အပူပေါ် ရေနွေးထပ်လောင်း ခံလိုက်ရသည်ပမာ ပူဆွေးမှုအဆင့်မှာ level မြင့်တတ်သွားရလေသည်။
CZYTASZ
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။