ကိဝီ ရဝိန်နှင့်နီးနီးကပ်ကပ်မနေမိအောင် သတိ ထားသည်။ အတိတ်တိုင်းသည် ပြန်တူးဆွဖို့ရန်ကောင်းသော အရာများမှ မဟုတ်တာ။" ပိစိ ဒါလေး "
စာမေးရန်အတွက် အနားသို့ တိုးကပ်လိုက်လျှင် အသားချင်းထိရမည်ကို မနှစ်သက်ဟန်နှင့် ဖယ်ခွာသွားသော ပိစိကြောင့် ရဝိန်စိတ်ထဲဘဝင်မကျဖြစ်ရသည်။ ရဝိန် မကြိုက်ပါ။ အနားကပ်သွားတိုင်း မသိမသာသော်ဖြစ်စေ၊ သိသိသာသာသော်ဖြစ်စေဖယ်ခွာသွားသော အမူအရာတို့ကို ရဝိန်
လုံးဝမနှစ်သက်ပေ။" ပိစိ ဘာဖြစ်နေတာလဲ၊ ငါ့အသားနဲ့ထိရမှာကို အဲ့လောက်ရွံလား "
"......."
" ရွံလည်း သည်းခံလိုက်၊ စာမေးပွဲက မကြာတော့ဘူး၊ ၆ နာရီ ထိုးပြီးပြန်တော့လေ "
" ရတယ်၊ မပြန်သေး "
" ငါ့သွားစရာရှိတယ် "
စကားမဆုံးခင် ဖြတ်ပြေလာသော ရဝိန်ကြောင့်
ရင်တွင်းမကောင်းဖြစ်ရ၏။စက်ဘီးလေးစီးလျက် ပြန်သွားသော ပိစိနောက် ကျောကိုကြည်ပြီး ရဝိန်စိတ်မသက်မသာ ဖြစ်ရသည်။
ကိဝီပန်းများကိုဖြတ်နေရာမှ ရဝိန်အကြောင်း တွေးမိပြန်သည်။ မနီးကပ်မိအောင် ကြိုးစားနေ သည်ကို ရဝိန်သတိထားမိသွားပြီး။ အိမ်မက်ဆိုသည်မှာ ဟုတ်ချင်မှ ဟုတ်မှာ၊ အမှန်ဟု မယူ ဆမိရန် အတန်တန်ကိုယ့်ကိုကိုယ် သတိပေးမိ သည်။ သတိထားနေသည့်ကြားမှ အိမ်မက်၏ ကြီးစိုးမှုကို လက်ရှိပစ္စုပ္ပန်ထိ ကိဝီလက်ခံနေမိဆဲ။
" အ နာလိုက်တာ "
နှင်းဆီကိုမှခူးချင်လျှင်တော့ ဖြစ်လာမည် အ ကျိုးဆက်ကိုလည်း လက်ခံရမည် မဟုတ်ပါလား။ လက်မခံနိုင်လျှင် အစောတည်းက ခူးဖို့ရန် မကြိုးစားသင့်ပါလေ။
" မဝေအတွက်အချစ်ဆိုတာ ဘယ်လိုမျိုးလဲ "
" အချစ်ဆိုတာ အင်း... မဝေလည်း သေချာမသိဘူးလေ။ ဘာလိုလဲ ကိဝီ၊ သက်ပိုင်ရော ဘယ်လို့ထင်လဲ "
" ကျွန်တော်ကတော့ ဗိုက်ဆာချိန်တိုင်း ကျွေးနိုင်သူကိုပဲချစ်မှာ "
ŞİMDİ OKUDUĞUN
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။