🌈၃🌈

6.6K 457 2
                                    


ဘရဏီအနောက်ဘက်မှ ရဝိန်တို့အတွဲထံသို့
လှည့်ကြည်ရလွန်း၍ ရုပ်ရှင်ထဲပင် အာရုံမစိုက်နိုင်အောင်ဖြစ်ရ၏။ ရဝိန်ရင်ခွင်ထဲက ကောင်မ လေးမှာ ဖြူဖြူချောချောလေးဖြစ်သည်။ ဘယ် လောက်ချောချော မကြာခင်ပျက်မှာပဲဟု
တွေးလိုက်ခါမှ ဘရဏီနေထိုင်ရသည်မှာ
နည်းနည်းအဆင်ပြေလာ၏။

စိုးသက်နောင် ဘရဏီဇော်ကို သတိထားမိသည်မှာ ကြာပြီးဖြစ်သည်။ ဘရဏီ​ဇော်သည် ရဝိန်အ နားကပ်နေသည်မှာ အရမ်းသိသာပေ၏။ ရဝိန်သည် ကောင်မလေးထားတိုင်းလည်း သူငယ်ချင်းများနှင့် မိတ်ဆက်ပေးတတ်သည်။ သို့သော် အချိန်သိပ်မကြာခင်၌ ပြတ်သွားတတ်၏။
ဒီတစ်ယောက်နှင့်ဆိုလျှင် သုံးယောက်မြောက်ပင်။ စိုးသက်နောင် သက်ပိုင်ဘက်ကြည်လိုက်လျှင် popcorn ကိုသာ အဆက်မပြတ်စားနေ၏။
ထို့​ပြင် coca cola သောက်ပြီး ဝက်တစ်ကောင်ကဲ့သို့ စားသောက်နေသည်ကိုတွေ့လိုက်ရ၍ စိတ်ထဲပြုံးမိပြန်သည်။

" ကိဝီ ၊ ဟေ့ ကိဝီရေ "

ကိဝီအဝတ်ခေါက်နေချိန် အိမ်ပေါ် တတ်လာသည့် ခြေသံနှင့်အတူ နာမည်ခေါ်သံကိုပါ ကြား လိုက်ရသည်။

" ဗျာ ရှိတယ် "

" အေးအေး၊ နင်အဒေါ် ကချဲ့ဖိုး နင်ဆီတောင်းလိုက်ဆိုလို့ "

" ဟုတ်ကဲ့၊ ဘယ်လောက်လဲ ကြီးကြီး "

" ၄၅၀၀ "

ကိဝီအခန်းထဲဝင်​လိုက်ပြီး ခေါင်းရင်းရှိ မုန့်ဗူးလေးထဲစုထားသော ၅၀၀၀ တန် တစ်ရွက်ယူပြီး ပေးလိုက်သည်။

" ဒီမှာ ၅၀၀၀ "

ကိဝီလက်ထဲမှ ပြန်အမ်းငွေ ၅၀၀ တန်လေးကိုကြည်၍ "ပိုက် ဆံ ပိုက်ဆံရှာဖို့ ခက်သလောက် အသုံးမခံပါလား"ဟု အတွေးဝင်မိပြန်သည်။ ထို့နောက် ကိဝီအတွေးကိုရပ်ပြီး အဝတ်ကိုသာဆက်ခေါက်နေလိုက်သည်။

" မကို မိတ်ဆက်ပေးမယ်၊ သက်ပိုင် စိုးသက်နောင် ဘရဏီဇော် "

" ဒါကတော့ ငါရဲ့မ သူဇာဝေ "

မင်းရဝိန် သူငယ်ချင်းများနှင့် ချစ်သူဖြစ်သူကို
မိတ်ဆက်ပေးနေသည်။

" မဝေလို့ခေါ်လို့ရပါတယ် "

" မလို့ပဲ ခေါ်မှာ "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Where stories live. Discover now