လည်ပင်းမှာမျှော်ရလွန်း၍ ရှည်ထွက်တတ်လျှင် သစ်ကုလားအုပ်နှင့် နင်လားငါလား ဖြစ်တော့မည်။ စာလေးလုပ်လိုက် ပိစိလေးအားစိတ်ဆိုးအောင်စနောက်လိုက်ဖြင့် အခုဆို ပိစိစာလာစစ်ပေးသည်မှာ လဝက်ကျော်ပြီးဖြစ်သည်။📱....(ဖုန်းသံ)..📱...
" Hello ပိစိ၊ ဘာလို့မလာသေးတာလဲ၊ ၄ ခွဲ ကျော်နေပြီး "
" ဒီနေ့မလာဖြစ်တော့ဘူးဆိုတာ ဖုန်းဆက်ပြောတာ၊ ဒါပဲနော် "
" ပိစိ၊ Hello ပိစိ "
" ဟင်း..."
သက်ပြင်းရှိုက်မိ၏။ ဒီနေ့၌ ပိစိကိုမတွေ့ရတော့။ ရဝိန်ကိုယ့်ကိုကိုယ်ပြန်သတိထားမိ၏။ တစ်နေ့ တစ်နေ့ ပိစိကိုမြင်လိုက်ရမှ နေသာထိုင်သာရှိ
သလို့ခံစားနေရသည်။ကိဝီ စာတမ်းတွေကို ဒီတစ်ပတ်အတွင်း အမှီထပ်ရန် ရှိသည်။ စာတမ်းမှာ ၄ ခု တောင်ဖြစ်၏။ ထို့ကြောင့် ဒီနေ့စာသွားပြရန်အတွက် နားလိုက်သည်။ ပိတ်ရက်မှ အချိန်ပိုအစားသင်ပေးလိုက်မည်တွေး၍ ဒီနေ့စာလာမစစ်ဖြစ်ကြောင်း ရဝိန်ထံ ဖုန်းဆက်အသိပေးဖြစ်သည်။
ရဝိန်ရှေ့ရောက်သွားတိုင်း ကိဝီရင်ခုန်သံတွေမြန်လာခဲ့သည်မှာ အိမ်မက်ထဲမှကောင်လေးသည် ရဝိန်နှင့် ရုပ်တူသည်ကို အတည်ပြုနိုင်ခဲ့သည့်အချိန်လွန်ခဲ့သော တစ်ပတ်လောက်ခန့်က စပေ သည်။
ဒါဆို မိန်းကလေးငယ်သည် ကိဝီလား။ အမှန်ဖြစ်ခဲ့လျှင် ကိဝိီတို့အဖြစ်သည် အတိတ်ကချစ်သူတွေပေါ့။ ဒီဘဝတော့ ချစ်သူထပ်မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ အဘယ်ကြောင့်ဆိုသော် ကိဝီသည် မှားယွင်းစွာယောကျာ်းလေးအဖြစ် မွေးဖွားခဲ့နေလေပြီး မဟုတ်ပါလား။
ကိဝီ အိမ်မက်မက်လေတိုင်း ရင်ခုန်ရ၏။ ရင်နာရ၏။ နိုးထလာတိုင်းလည်း ကြည်နူးမှုများသည်
ပစ္စုပ္ပန်ထိ ကပ်ပါလာ၏။ သို့သော် မကြာပါ။ လက်ရှိဘဝတွင် ယောကျာ်းတစ်ယောက်ဖြစ်နေသည်ကို တွေးမိလိုက်သည်နှင့် ပျော်ရွှင်မှုတို့ရပ်တန့်သွားရသည်။ ယောကျာ်းလေးအဖြစ်
မွေးဖွားလာခဲ့သောအဖြစ်ကို ယခုမှ အားငယ်စိတ်ဝင်မိသည်။ ကိဝီသည် မိန်းကလေးတစ်ယောက်အဖြစ်သာမွေးဖွားခဲ့လျှင် ကြိုးစားခွင့်တော့ရနိုင်သေးသည်။ အခုတော့ဖြင့် ...
YOU ARE READING
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။