ယခုဆိုလျှင် မာမီအိမ်၌အတူနေဖြစ်သည်မှာ
၃ လခန့်ရှိချေပြီး။ အိမ်ရှိအလုပ်သမများက "အစ်ကိုလေး" ဟုခေါ်ကြပေသည်။ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အမွေစားအမွေခံသားအ ဖြစ် မာမီပွဲထုတ်ခဲ့သည်မှာလည်း ၇ လစွန်းစွန်းရှိပြီး ဖြစ်၏။
အသီးခြံအလုပ်ကိစ္စများကိုလည်း အလုပ်သမားများဖြင့်တိုးချဲ၍ မာမီအသိများ၏မိတ်ဆက်မှုမှတစ်ဆင့် နိုင်ငံရပ်ခြားသို့ပင် တင်သွင်းအထိလုပ်ကိုင်ဖြစ်သည်။ ရဝိန်မှာတော့ ကုမ္ပဏီကိစ္စများကို ဦးစီးလုပ်ကိုင်ဆောင်ရွက်နေပေသည်။
မာမီသည် Queen စိန်တိုက်ကိုနာမည်ခံသာ
ဦးစီးပြီး သူ၏ girlfriend ဧကရီမင်းထက်ဆီသာ မကြာမကြာသွားနေတော့သည်။ ထို့ကြောင့် စိန်တိုက်အား စစ်ဆေးမှု၊ ကြိီးကြပ်မှုတို့ကို ရဝိန်
နှင့်ကျွန်တော်၏အလှည့်ကျတာဝန်ဖြစ်လာပေသည်။
" ထက်ငယ် "
အခန်းထဲဝင်ပြီး ကုတင်ထက်ထိုင်၍ စာရင်းများအားတွက်ချက်မပျက်ရှိနေသူထံ ခေါ်လိုက်သော် လည်း အကြည့်တစ်ချက်ပင်မရ။
" ထက်ငယ် "
ထပ်ခေါ်လိုက်သော်လည်း ထိုနည်း၎င်းမို့ အနားကပ်သွားလိုက်ပြီး အနောက်မှ သိုင်းဖက်ထားလိုက်လျှင်
" ပြန်ရောက်ပြီးလား "
" အင်း...ငါတို့တစ်အိမ်တည်း၊ တစ်ခန်းတည်းအတူနေပေမယ့် သိပ်မတွေ့ရတော့သလို့ပဲ "
ပခုံးတစ်ဖက်ပေါ် မျက်နှာလေးတင်ပြီး စကားဆိုလာသော ရဝိန်ကြောင့် ပြန်တွေးကြည်မိလျှင် ဟုတ်ပေသည်။ တစ်အိမ်တည်း၊ တစ်ခန်းတည်းအတူရှိနေသော်လည်း အလုပ်ကိုယ်စီဖြင့် အိပ် ချိန်လေးမှ တွေ့ရပေသည်။ တစ်ခါတလေဆိုရင် အလုပ်ပင်ပန်း၍ အတူတူပင် အိပ်ယာမဝင်နိုင်တော့။ ကြည်နူးမနေနိုင်တော့။
" ဒီနေ့စောပါလား။ အချိန်ပိုမရှိဘူးလား "
" အင်း...အလုပ်ကြောင်းမပြောကြရအောင်၊
ငါတို့အချစ်အကြောင်းပဲပြောရအောင် "
" ပြောစေ "
ဘေးအနားကပ်နေသော ရဝိန်ကြောင့် အလုပ်တို့ ကို ခဏနားလိုက်ပြီး မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
ВЫ ЧИТАЕТЕ
မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။