Unicode
သူမမျှော်မှန်းထားတဲ့အတိုင်း ဥက္ကဋ္ဌခရီးဝေးသွားတယ်ဆိုတော့ ဒီစံအိမ်ကြီးက သူမလက်ခုပ်ထဲကို နောက်တကြိမ်ပြန်ရောက်လာပြီဆိုတဲ့အတွေးနဲ့ အရမ်းကိုစိတ်လှုပ်ရှားသွားတော့သည်
သေချာတာပေါ့...စိတ်လှုပ်ရှားတာက စိတ်လှုပ်ရှားတာပဲ ဥက္ကဋ္ဌမှာခဲ့တာတွေကိုလဲ သူမနားကိုနားထောင်ရမည် အရင်တခေါက်ကလို ဆိုးဆိုးရွားရွားထပ်ပြီး အမိမခံနိုင်ပါဘူးနော်
ဒါကြောင့် နောက်တနေ့မနက်မှာ တုလိန်စစ် ဟိုတခါ ဥက္ကဋ္ဌပေးထားတဲ့ ဝတ်စုံကိုဝတ်လိုက်ပြီး အသီးအနှံနည်းနည်းပါးပါးဝယ်ကာ အဘွား ရှိရာ ဆေးရုံသို့ဦးတည်လိုက်သည်
ဆေးရုံဝန်းထဲလဲရောက်ရော အဘွားကသူ့မြေးချွေးမလေးက သူမဆီအလည်လာတာကိုတွေ့တော့ ပြောမပြတတ်အောင်ပျော်ရွှင်သွားတော့သည် သူမ တုလိန်စစ်လက်လေးကို ညင်ညင်သာသာဆွဲယူလိုက်ပြီးမေးလိုက်သည်
" တုတု , အိမ်မှာနေရတာအဆင်ပြေရဲ့လား ?"
" သမီး .နေသားကျနေပါပြီ ! "
ဥက္ကဋ္ဌသာ နေ့တိုင်းအလုပ်ခရီးသွားနေရင် သူမပိုတောင်နေသားကျဦးမှာ
အဘွားအိုက ပျော်ရွှင်စွာခေါင်းငြိမ့်လိုက်ပြီး ထပ်မေးလိုက်သည်
" ဟုတ်ပါပီကွယ် , သမီး ဒီကိုတစ်ယောက်ထဲလာတာလား? အားကျွင်းရော ဘယ်မှာလဲ ?"
"သူအလုပ်ကိစ္စနဲ့ခရီးသွားပါတယ် "
ဒါကိုကြားတော့ အဘွားအိုကမပျော်မရွှင်ဖြစ်သွားပြီး
" မင်းတို့က အခုမှ မင်္ဂလာဆောင်ပြီးခါစပဲရှိသေးတာ ဇနီးလေးကိုတစ်ယောက်ထဲထားပြီး ဘယ်လိုများအလုပ်ခရီးသွားနိုင်ရတာလဲ ? သမီးကို တချိန်လုံး အိမ်မှာတစ်ယောက်ထဲထားခဲ့တာပေါ့ ! သူပြန်ရောက်လာရင် ငါတို့စကားပြောဖို့တော့လိုပြီ "
မလုပ်ပါနဲ့! တုလိန်စစ် အလောတကြီးနဲ့
" အဘွား ..သူ့ကိုမဆူပါနဲ့ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့အလုပ်ကိစ္စဆိုတာရှိတယ်လေ သမီးကသူ့ကိုဘယ်လိုများ နှောင့်ယှက်နိုင်မှာလဲ ?"
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.