Chapter -27 အဲဒါက မယ်လမင်းအပြည့်ပါတဲ့နို့တစ်ခွက်ကိုသောက်လိုက်ရသလိုပဲ

1.2K 200 4
                                    

Unicode

ခုနစ်ရက်ဆိုသည့် အချိန်ကာလက သိပ်ကိုတိုတောင်းလွန်းသည် အထူးသဖြင့် ရွှေရောင်ရက်သတ္တပတ်ထဲကို ကျရောက်သွားခဲ့ရင်ပေါ့ အဲဒါက လေလည်လိုက်သလိုပဲ မျက်စိတမှိတ်အတွင်းမှာ ကွယ်ပျောက်လို့သွားခဲ့သည်

ဒါပေမဲ့ သနားစရာကောင်းတဲ့တို့တွေရဲ့ မင်းသမီးလေးတုလိန်စစ်အတွက်ကတော့ အလွန်အမင်းခက်ခဲကြမ်းတမ်းလှသည့် နေ့ရက်တွေပါပဲ သူမနိုးလာတာနဲ့ အချိန်တိုင်း ဥက္ကဋ္ဌရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကိုခံစားခဲ့ရပြီး အိပ်နေတဲ့အချိန်မှာတောင် ချွင်းချက်ဆိုတာရှိမနေခဲ့ပေ

တုလိန်စစ် ဒေါ်လာအထပ်လိုက်ကိုအိမ်မက်မက်နေတုန်းမှာ ရုတ်တရက် ဥက္ကဋ္ဌက ကောင်းကင်ပေါ်ကနေပြုတ်ကျလာပြီး သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေက သူမလက်ထဲကဒေါ်လာအပုံလိုက်ကြီးကိုညွှန်ပြပြီးပြောလာသည်

" ငါမင်းရဲ့လုပ်အားခကို နုတ်ပစ်မယ် !"

တုလိန်စစ် သူမလက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဒေါ်လာအထပ်လိုက်က တစ်ဒေါ်လာအကြွေလေးတွေအဖြစ်ပြောင်းလဲသွားတာကိုသေချာစိုက်ကြည့်နေခဲ့သည် ကောင်းကင်တခွင်လုံး လေပြင်းတိုက်ခတ်မှုကြောင့် သူမလက်ထဲက အကြွေတွေဟာ လေထဲမှာ ပြန့်ကျဲ့လို့နေသည်

ထိုပိုက်ဆံလေးတွေကို ဖမ်းကိုင်မိတော့မယ့်အချိန်မှာ တုလိန်စစ်တစ်ယောက် အိပ်ရာပေါ်မှပြုတ်ကြကာ ကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးမှ လန့်နိုးလို့လာတော့သည် ဒါပေမဲ့ သူမကသေချာနိုးသေးတာတော့မဟုတ်ပေ အနည်းဆုံး သူမမက်တဲ့အိမ်မက်ထဲကဥက္ကဋ္ဌကအစစ်ဟုတ်မနေ ဒါပေမဲ့ သူမနိုးနိုးချင်းမြင်လိုက်ရတဲ့သူကတော့ တကယ့်အစစ်အမှန်ပင် ..သွေးတွေတောင်ပြောင်းပြန်စီးသွားသလိုပဲ!

"ဘာလုပ်နေတာလဲ?"

ဥက္ကဋ္ဌကအိပ်ရာဘေးမှာ ဆောင့်ကြောင့်လာထိုင်ရင်း အိပ်ရာပေါ်မှပြုတ်ကျကာ မဲ့ရွဲ့နေတဲ့တုလိန်စစ်ကို စိုက်ကြည့်ရင်းမေးလာသည် သူ့ရဲ့မျက်ဝန်းထောင့်စွန်းလေးတွေက ပြုံးနေဟန်တူသည်

တုလိန်စစ်ဘက်ကကြည့်ရင် ထိုအပြုံးဟာ ကြောက်စရာကောင်းလှသည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Donde viven las historias. Descúbrelo ahora