Unicode
အရုဏ်တက်ချိန်ရောက်တဲ့ထိ တုလိန်စစ် အိပ်နေတုန်းပဲ, သူမမျက်လုံးတွေကိုမှိတ်ထားရင်း ခေါင်းအုံးလေးကို ခပ်ဖွဖွလေးပွတ်သပ်လို့နေလိုက်သည် သူမသက်တောင့်သက်သာနဲ့ ပါးစပ်ကလဲ ပြုံးလို့နေသည်
ဒီနေ့ ခေါင်းအုံးကနည်းနည်းမာနေသလိုခံစားရပေမဲ့ သက်တောင့်သက်သာရှိပြီးအဆင်ပြေလှသည်
ခေါင်းအုံးက ကြီးပေမဲ့ အဲဒါက အတော်လေးနွေးထွေးသည်
ဒီနေ့.......
"Ah!!"
တောင်ပေါ်က ဝက်တစ်ကောင်အော်လိုက်သလိုပဲ သူမအသံက အိပ်ပျော်နေတဲ့ လျန်ကျွင်းကိုနိုးလာစေသည် သူမကိုကြည့်ရတာ အတော်လေးအထိတ်တလန့်ဖြစ်နေပုံရပြီး ပါးစပ်မှာလဲသွားရည်တွေက စီးကျလို့နေသည်
သူမတတ်နိုင်စွာပဲ နှုတ်ခမ်းတွေကွေးညွှတ်လို့သွားပြီး မေးလိုက်သည်
" နိုးပြီလား?"
"မနိုး...သေးဘူး ...မနိုးသေးဘူး ...."
ဥက္ကဌကပြုံးလို့နေသည်
သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်
" ဒါ ..အိမ်မက်မက်နေတာ ..ဒါကအိမ်မက်ပဲ ..ဒါကလုံးဝကိုအိမ်မက်ပဲ.."
"မင်းဘာတွေပြောနေတာလဲ?"
လျန်ကျွင်းရဲ့အသံအစစ်ကြီးက သူမနားထဲ အထူးအနေနဲ့ဝင်ရောက်လာသည်
ကောင်းကင်,မြေကြီး.Ah..ဘာလို့များ ဒီလျန်ကျွင်းက အိမ်မက်ထဲမှာတောင် သူမကိုအလွတ်မပေးနိုင်ရတာလဲ.?
"ဒါကအိမ်မက်တစ်ခုပဲ..ဒါကအိမ်မက်တစ်ခုပဲ...."
သူမဆက်ပြီးရေရွတ်နေလိုက်သည် နောက်တော့ သူမမျက်လုံးတွေကိုမှိတ်ချလိုက်ပြီး ပြန်အိပ်ဖို့လုပ်လိုက်သည်
သူမအိပ်ရာကပြန်နိုးလာရင် ဒီအိမ်မက်ဆိုးကြီးပျောက်ကွယ်သွားလိမ့်မယ်လို့ သူမယုံကြည်သည်
ဒါပေမဲ့ လက်တဖက်က ရုတ်တရက်သူမခေါင်းကို လာကိုင်ခဲ့သည် သူမခေါင်းပေါ်က နွေးထွေးတဲ့အပူဓာတ်လေးက အစစ်အမှန်လိုပဲ..
သူမခေါင်းကို မိုးကြိုးလာမှန်သလိုခံစားလိုက်ရတော့သည် ...ကြည့်ရတာ မနေ့ကဖြစ်မယ် သူမ.......
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.