Unicode
ကိုယ်တို့အိမ်??
ဥက္ကဌ က ' ငါ့အိမ် ' လို့လဲမပြောသလို ' မင်းရဲ့အိမ်' ပါလို့လဲမပြောပဲ ကိုယ်တို့အိမ်လို့ပြောလိုက်တာလား?
အဲဒါက တုလိန်စစ်ကို အနည်းငယ်စိတ်လှုပ်ရှားသွားစေသည်အဲဒီအချိန်မှာ ဥက္ကဌက ကားပေါ်ကဆင်းပြီး ကားတံခါးနားလာရပ်ကာ သူမကို အပေါ်စီးကနေစိုက်ကြည့်လို့လာခဲ့သည်
ဒီလူက ကားတံခါးလေးတောင် ဖွင့်မပေးဘူး ! ဘယ်လို လူကြီးလူကောင်းမျိုးလဲ ဟမ့်!
တုလိန်စစ် စိတ်တိုတိုနဲ့ ဇိမ်ခံကားကြီးပေါ်ကဆင်းပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်သည်
လျန်ကျွင်းက သူမကို စိုက်ကြည့်ရုံကလွဲပြီး ဘာမှပြောမလာဘူး
ဒီအချိန်မှာ မြို့ပြနေလူလတ်တန်းစားဖြစ်တဲ့ တုလိန်စစ်ရဲ့ ကောင်းမွန်တဲ့စိတ်ကလေးက ဟာလာဟင်းလင်းဖြစ်သလိုခံစားလိုက်ရသည်
သူမတွေးမိတာက: သူမ ဥက္ကဌနဲ့တွေ့တဲ့အချိန်ကစလို့ ခုချိန်ထိ ဥက္ကဌက သူမကို စိတ်ပါလက်ပါနဲ့ အမှားမရှိအောင် ကောင်းကောင်းဆက်ဆံပေးခဲ့တာပဲ ဥက္ကဌ ရဲ့ကားတံခါးကိုတောင် ဆောင့်ပိတ်လို့ရတဲ့ အခွင့်အရေးပါ သူရလိုက်သေးတာ , တုလိန်စစ် ရဲ့ပုံရိပ်က တဖြည်းဖြည်းနဲ့ ကြီးမားလာသလိုပဲ သူမအခုချိန်ကစပြီး ဖိနှိမ်ခံရတဲ့သူမျိုးဖြစ်လာတော့မှာမဟုတ်ဖူးလို့ ခံစားလိုက်ရသည်
သူမရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သဘာဝကျကျပြောင်းလဲသွားပြီး တည်တည်ငြိမ်ငြိမ် ခြေလှမ်းကျဲြကီးတွေနဲ့ စိတ်ကြီးဝင်ကာ လမ်းလျှောက်လာလို့လာခဲ့သည်
သူဟိုကြည့်ဒီကြည့်လုပ်ရင်း ဥက္ကဌနောက် လိုက်ကာ အိမ်ထဲကိုသွားနေတုန်း သတိမထားမိဘဲ ချော်လဲလို့သွားတော့သည်
တုလိန်စစ်ရဲ့အခုပုံစံက မြေကြီးမှာလဲနေတဲ့ လိပ်လိုမျိုးဖြစ်နေတာကြောင့် သူမရှက်ရှက်နဲ့ပဲ ဟိုဘက်လှည့်လိုက်သည်
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.