Chapter-34 အရိုးအက်သွားတဲ့ရလာဒ် ကတော့ ကျောက်ပတ်တီးထဲမှာပဲ

1.2K 215 7
                                    

Unicode

ဒေါက်မြင့်ဖိနပ် စစီးသူတစ်ဦးအနေ နှင့် ခြေချင်းဝတ်လည်ခြင်းသည် အမြဲရှောင်လွှဲ၍ရနိုင်ပေ။ တုလိန်စစ်သည်လည်း ဤအတွေ့အကြုံကို ခံစားခွင့်ရခဲ့သည်။

လျန်ကျွင်းသည် ကြိုတင်ခန့်မှန်းနိုင်သော အရာနှင့်ရင်ဆိုင်ရသောအခါ အလွန်အကူအညီမဲ့စွာ သက်ပြင်းချလိုက်ကာ

" လာခဲ့ ၊ ကိုယ်မင်းကို ကုန်းပိုးမယ်"

တုလိန်စစ်သည်နာကျင်မှုကြောင့် မျက်နှာက ရှုံ့မဲ့လို့နေသည်။ သူမမျက်လုံးတွေကိုဖွင့်လိုက်တော့ လျန်ကျွင်း ၏ကျောပြင်က သူမအား စောင့်မျှော်နေသော်လည်း သူမ အလျင်စလိုမတက်ဝံပေ။

"ဘာလို့လဲ?"

လျန်ကျွင်းမေးလိုက်သည်။

တုလိန်စစ်သည်ရှက်ရွံ့မှုကိုခံစားခဲ့ရလျက်

" ကျွန်မ ရှင့်ကို ဒုက္ခပေးမိသလို ဖြစ်သွားမှာ စိုးရိမ်လို့......"

လျန်ကျွင်းကမျက်ခုံးပင့်လိုက်ပြီး

" ဘာလဲ အဲဒီအစား မင်းကို ဒီတိုင်း သယ်သွားပေးရမှာလား "

" ..........ရှင် ကျွန်မကို ကျောပဲပိုးလိုက်ပါတော့..... "

-_- |||

တုလိန်စစ် ကုန်းပိုးစီးခြင်းဆိုတာ အရွယ်ရောက်ပြီးသားလူတွေအတွက် အတော်လေးဖြစ်လေ့ဖြစ်ထနည်းသည်ဟု ထင်ထားခဲ့တာ ၊ သူမဘယ်လောက်တောင်မှားခဲ့လဲ ?

ဥက္ကဋ္ဌက သူမ တင်ပါး ကိုထိဖို့တောင် အခွင့်အရေးယူခဲ့သေးတယ် ?

တုလိန်စစ် ရှက်သွေးဖြန်းစွာဖြင့်

" ရှင် ...ရှင် ...ရှင့်လက်ကို နည်းနည်းလောက် အောက် နှိမ့် လိုက်ပါလား ၊ မဟုတ်ဘူး! ဟို အပေါ်ကို နည်းနည်း... Ah ! ကျွန်မပြုတ်ကျတော့မယ် ... "

နောက်ဆုံးတွင် လျန်ကျွင်း သည်ဒေါသထွက်သွားခဲ့ပြီး

" မင်းပြီးပြီလား ?"

ဤကျယ်လောင်သောအော်ဟစ်သံနှင့်အတူ တုလိန်စစ် သည် ကြောက်လန့်စွာ ဘာစကားမှ မပြော နိုင် တော့ချေ။ သူမ၏မတရားခံရသလိုမျက်လုံးနှစ်လုံးကို သုံး၍သာ ဥက္ကဋ္ဌအားငေးကြည့်ရင်း ပွစိပွစိပြောနေလိုက်သည်။

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now