Unicode
Durex - နိုင်ငံပေါင်း 150 ကျော်မှာ အရောင်းရဆုံးကမ္ဘာကျော် ကွန်ဒုံးတံဆိပ်ဖြစ်ပြီး စျေးကွက်ပေါင်း 40 ကျော်ရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်လျက်ရှိသည် ကမ္ဘာ့ ၄ ဘီလီလျံ သောကွန်ဒုံး စျေးကွက်ရှယ်ယာတွေရဲ့ 26% ကို Durex brand ကပိုင်ဆိုင်ထားပီး ကမ္ဘာ့ ပထမဆုံး ကှနျဒုံး brand ဖြစ်သည်
ကောင်းကင်မှာ နေမင်းကြီးကတောက်ပလို့နေပီး လေငြိမ်နေသည် တကယ့်ကို ရာသီဥတုသာယာတဲ့နေ့လေးတနေ့ပဲ..
တုလိန်စစ် သူမရဲ့မျက်နှာမှာ စိတိသောကရောက်ပီးခံပြင်းနေတာတွေ ပေါ်လွင်စွာပဲ လမ်းလျှောက်လို့နေခဲ့သည်
တုလိန်စစ်ကျောင်းသူ ဒီလိုဖြစ်နေရတာကတော့ အကြောင်းရင်း ၃ခုကြောင့်ပါပဲ...
ပထမအကြောင်းအရင်းက သူမနဲ့ ၃ လကြာတွဲလာတဲ့ သူမရဲ့ချစ်သူကျန်းရှုရှု က လမ်းခွဲဖို့ပြောလာခဲ့လေသည် ဘာလို့ဆို သူတို့၂ယောက်တူတူအပြင်ထွက်တိုင်း သူမကို ဒါက သူ့ချစ်သူ တုလိန်စစ်ပါလို့ သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အချိန်မှာ သူတကယ်ပဲမနေနိုင်တော့ဘူး အဲဒါက သူ့ကိုယ်သူ ကွန်ဒုံး အရောင်းသမားတယောက်လို့ ခံစားရစေသည်
( တုလိန်စစ်က တရုတ်လိုဆို Durex ကွန်ဒုံးနဲ့အသံထွက်တူတူပါပဲ 😂 )ဒုတိယအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၃နာရီလောက်ကမှ သူမရဲ့ သတင်းစားကုမ္ပဏီကနေအလုပ်ပြုတ်လာခဲ့တာလို့ပါပဲ ..သူမအလုပ်ထုတ်ခံလိုက်ရတဲ့အကြောင်းကတော့ သူတို့ ကုမ္ပဏီဘဏ္ဏာရေး အကျပ်အတည်းဖြစ်တာကြောင့် လူအင်အားလျော့ဖို့လုပ်ခဲ့သည် အဲချိန်မှာ သူတို့သူဌေးအသစ်က သူမနာမည်ကိုမြင်ပီးအရ ှက်မဲ့တယ် အောက်တန်းကျတယ် အဆင့်မရှိဖူးဆိုပီး သူတို့ကုမ္ပဏီအနေနဲ့ ပတ်ဝန်းကျင်မှာ အမြင်မတင့်တ်ာဖြစ်စေပီး ဂုဏ်သိက္ခာကျဆင်းစေတယ်ဟုဆိုကာ ဂုဏ်သိက္ခာမြငှ့်တင်တဲ့အနေနဲ့ တုလိန်စစ်တယောက် ကံဆိုးစွာ အလုပ်ဖြုတ်ခံလိုက်ရပါတော့သည်
တတိယကတော့ သူမပစ္စည်းလေးတွေကိုကတ်ထူပုံးထဲသိမ်းပီး အိမ်ပြန်လာတဲ့လမ်းမှာ ဘဏ်က သူမအကြွေးကတ်ကလိုအပ်တာထက် ပိုသုံးထားကြောင်း ဖုန်းဆက်လာလေသည် အဲဒါကြောင့် သူမဒါကိုအချိန်တခုထိ သုံးလို့ရမှာမဟုတ်တော့ဘူး တလအတွင်း ခရက်ဒစ်ကတ်အျကြွးမဆပ်ရင် သူမ နောက်အနာဂတ်မှာ ကိုယ်ရေးကိုယ်တာအကြွေးကတ်သုံးဖို့ စိတ်ချရမှုကို ထိခိုက်စေလိမ့်မယ်
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.