Chapter -35 ဤကိစ္စကထိုကိစ္စနှင့်မဆက်နွယ်ဘဲ ဖြစ်နိုင်မလား?

1.1K 190 0
                                    

Unicode

နွေရာသီ၏ နေ့လည်ခင်းတစ်ခုတွင် မိုးရွာလို့နေသည်၊ ကြည်နူးစရာကောင်းပြီး အေးမြသောနွေဦးလေတိုက်ခတ်မှုကြောင့်၊ ဤသည်မှာ အပြင်သွားရန်ကောင်းသော ရာသီဥတုပင်ဖြစ်သည်။ ကံမကောင်းစွာဖြင့် တုလိန်စစ်သည်အိမ်တွင်ထိုင်ကာ စက်ဝိုင်းများဆွဲနေသည်။

ဘာကြောင့်လဲလို့ သင်မေးနိုင်ပါတယ်...

ဘာလို့ဆို သူမအရမ်းပျင်းနေလို့ပင်!

ကျောက်ပတ်တီးကိုင်ထားရသည့် ခြေထောက် ဖြင့်တနေကုန် အိမ်မှာနေနေရပြီး သူမ ခြေထောက်တွေကောင်းနေရင်တောင်မှ အိမ်မှာ ခြေချုပ် မိနေသည့် တစ်စုံတစ်ယောက် က သေလုမြောပါး ပျင်းရိမှုကိုခံစားရမှာပင်။

ဤအကြောင်းကြောင့် တုလိန်စစ် သည်အလွန်စိတ်ဓာတ်ကျလို့နေသည်။

စိတ်ဓာတ်ကျနေသူတစ် ဦး သည် စကားပြောရန်အဖော်အား အမြဲရှာဖွေလိုသော်လည်း ကံမကောင်းအကြောင်းမလှစွာဖြင့် အန်တီ ဝူသည်လျန်လျန့် ကိုကျောင်းကိုခေါ်သွားပြီး၊အဘိုးယွီ သည်မဒမ်ဟောင်းကိုပြုစုရန် ဆေးရုံသို့သွားသည်။ များသောအားဖြင့် ကားတွေသာ ဆေးကြောနေသော ရှောင်ဖန်းတောင်မှblind date လုပ်ဖို့ရန် အပြင်သို့ထွက်သွားသည်၊ ဒီလောက်ကြီးမားသည့် အိမ်ကြီးတစ်လုံးထဲ၌ သူမတစ်ယောက်သာကျန်ခဲ့သည်။ ဒါက သူမကိုအနည်းငယ်တော့စိတ်ဓါတ်ကျစေသည်။

တုလိန်စစ်သည်သူမ၏ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီး သူမ၏ဖုန်း contactကိုစတင်ကြည့်လိုက်သည်။

ကျူးယောင်ဖေး? ဒီမနက်သူမ သူ့ကိုခေါ်ခဲ့ပြီးပြီ၊ ထပ်ခေါ်ရင် သူမ အဆူခံရဖို့ကြိုးစားနေသလို ဖြစ်မသွားဖူးလား? မခေါ်ဘူး!

မိုရွှမ်းကျဲ? သူမကိုထောက်ခံအားပေးနေသောဥက္ကဋ္ဌရှိနေသော်လည်းသူမ ဤမျှရက်ပေါင်းများစွာအလုပ်ပျက်ကွက်ခဲ့သည်၊ သို့သော်လူများကသူတို့၏မေးခွန်းများကိုမေးခဲ့လျှင် မည်သို့ဖြေရမည်နည်း? မေ့လိုက်တော့။

အမေ? မဟုတ်ဘူး၊ သူရဲ့အရိုးကျိုးတာကို သူ့အမေကိုလုံးဝအသိပေးလို့မရဘူး၊ သူမသေလောက်အောင်စိတ်ပူနေလိမ့်မယ်၊ သူသေချာပေါက်မခေါ်နိုင်ဘူး!

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now