Chapter 11 part 1 ရွှေရောင်လိပ်ဦးဦး

1.6K 234 5
                                    

Unicode

ဒီလိုနဲ့ မင်္ဂလာဆောင်ပြီး သုံးရက်မြောက်တဲ့နေ့မှာ တုလိန်စစ် ဥက္ကဌနဲ့အတူ သူမအိမ်သို့ထွက်လာတော့သည်

ဥက္ကဌရဲ့ကားထဲမှာ ထိုင်စီးရတာ သူမကို မသက်မသာခံစားရစေသည် သူမ ဥက္ကဌကို လှည့်ပြီးမမမေးခင်အတန်ကြာစဉ်းစားပြီးကာမှ သူမမေးလိုက်သည်

" ကျွန်မတို့ဘာလို့ express ကားမစီးတာလဲ?"

သို့သော်လည်း ဥက္ကဌကတော့ သူမကိုမျက်လုံးနဲ့ပဲအဖြေပေးလေသည် : ဥက္ကဌသည် ဘယ်တော့မှ အများသုံးကားမစီးပါ.

တုလိန်စစ် ထပ်ပြီး အကြံပေးလိုက်သည်
" ကျွန်မတို့ ရထားစီးပြီးသွားလည်းရတာပဲ.?"

ဥက္ကဌက မပျော်မရွှင်ဖြစ်စွာနဲ့

" .ကိုယ့်ကားထဲမှာထိုင်စီးရတာ ပင်ပန်းလို့လား?"

" မ..မဟုတ်ပါဖူး!"

တုလိန်စစ် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကိုမြန်မြန်ခါယမ်းလိုက်သည်  ရိုးရိုးသားသားပြောရရင် ဥက္ကဌရဲ့ ကားမောင်းစကေးက အကောင်းတကာ့အကောင်းဆုံးပဲ သူကားမောင်းတာက ဘေးကင်းပီး ချောမွေ့တယ် သူမလို နဲနဲကားမူးတတ်တဲ့သူတောင် ကားမူးတဲ့ဒဏ်ကို မခံစားရသလောက်ပဲ  ပြီးတော့ ဥက္ကဌလို ဂုဏ်သရေ ရှိတဲ့လူကိုယ်တိုင်မောင်းတဲ့ ကားကို စီးရတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးပဲ

ဒါပေမဲ့ ပြသာနာက , ဒီဇိမ်ခံကားကြီးပဲ  ဒီလိုကားကြီးနဲ့သာ သူမတို့လို  ကျေးလက်ဒေသကိုသွားမယ်ဆို လူတွေရဲ့အာရုံစိုက် အတင်းအဖျင်းပြောတာကို ကျိန်းသေပ်ေက်ခံရမှာ !

သူမတို့အိမ်က ကျေးလက်ဒေသမှာဆို​ေတာ့ လမ်းတစ်လျှောက်မှာ အဒေါ်ကြီးတွေက အတင်းအဖျင်း ပြောဖို့ စုနေကြတာ တကယ်လို့ သူတို့သာ ဥက္ကဌရဲ့ကားကိုမြင်ရင် သူမကိုမေးခွန်းတွေ တရစပ်မေးလာတော့မှာ  ဒါ့အပြင့် ရွာအောက်ဘက်ကအဘွားနဲ့ သူရဲ့ တလသား မြေးလေးက သူမက ချမ်းသာပြီး အာဏာရှိတဲ့သူနဲ့ လက်ထပ်ထားတယ်ဆိုတာ သိနေလိမ့်မယ် တကယ်လို့ သူမသာကွာရှင်းပြီးသွားရင် အရှက်တကွဲ အကျိုးနည်းနဲ့မျက်နှာပျက်လိမ့်မယ် မလား?

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Opowieści tętniące życiem. Odkryj je teraz