Chapter 28 ဥက္ကဋ္ဌစိတ်ဆိုးနေတယ်!

1.3K 220 5
                                    

Unicode

တိုးပေးဖို့!! ငါ့လုပ်အားခကို !!

အဲဒါကိုလဲကြားလိုက်ရော တုလိန်စစ် စိတ်ကြွဆေးထိုးခံလိုက်ရသကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှားလို့နေသည်

အိစက်သည့်ဆိုဖာပေါ်မှာထိုင်နေရင်း သူမမျက်လုံးတွေက တလက်လက်တောက်ပလို့နေပြီးတဖက်လူကို ချက်ချင်းပင် မေးလိုက်သည်

" တကယ်ကြီး?? ရှင် ကျွန်မကိုတကယ်ပိုက်ဆံတိုးပေးချင်တာလား ? ဘယ်လောက်တောင်လဲ ah ?"

ပိုက်ဆံအကြောင်းပြောလိုက်တာနဲ့ တုလိန်စစ်ရဲ့ ဒေါသတွေဟာ လျော့ပါးလို့သွားသည် သို့သော် သူမရဲ့ပိုက်ဆံမက်သော ပင်ကိုစရိုက်က လျန်ကျွင်းမျက်စိထဲမှာ နည်းနည်းလေးမှ စိတ်ပျက်ဖို့ကောင်းမနေ အဲဒီအစား ပူပင်ကြောင့်ကြမဲ့သော ခံစားချက်တို့သာ တိုးပွားလာခဲ့သည်

" ငွေပမာဏရဲ့နောက်ဆုံးမှာ သုညတစ်လုံးထပ်ထည့်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ? မင်းဘယ်လိုစဉ်းစားလဲ ?"

ထိုသို့ပြောလိုက်ရုံမျှဖြင့် တုလိန်စစ် ရိုးတွင်းခြင်ဆီထဲကပါ တုန်လှုပ်သွားတော့သည် အတန်ကြာ သူတုန်ယင်နေပြီးမှ မေးလိုက်သည်

" ဟို....အဲသုညရဲ့ရှေ့မှာ ဒသမ ရှိလားဟင် ?"

" မရှိဘူး "

"ဒါဆို သုညပြီးရင် RMB ပဲရှိတော့မှာပေါ့နော် ဟုတ်တယ်မလား ?"

*(RMB - Renminbi လို့ခေါ်တဲ့ တရုတ်ငွေကြေးပါ အားလုံးသိကြတဲ့ ယွမ် yuan ဆိုတာကတော့ unit of RMB currency ပါ
1USD ကို 6.47667 CNY ရှိပါတယ် CNY ဆိုတာ chinese Yuan ပါ ဆိုတော့ RMB နဲ့ Yuan ကတူတူလို့သတ်မှတ်လို့ရပါတယ် )

"အင်း"

လျန်ကွင်းအကူအညီမဲ့စွာခေါင်းညိတ်လိုက်သည်

" ကျွန်မကို ဆိတ်ဆွဲကြည့်ပေးနိုင်မလား ?"

စိတ်နဲ့ကိုယ်မကပ်တော့တဲ့ တုလိန်စစ်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ လျန်ကျွင်း တခုခုကို အကူအညီမဲ့သလို ခံစားလိုက်ရသည်

" မင်း ကိုယ်ကို့မယုံဘူးလား ?"

တုလိန်စစ်ခေါင်းညိတ်လိုက်သည် ထို့နောက် သူမလက်ဖြင့် လျန်ကျွင်း၏လက်ကို ဆုပ်ကိုင်ကာ သူမမျက်နှာကို ဆိတ်ဆွဲဖို့ ရက်ရက်စက်စက်အသုံးပြုလိုက်သည် ဥက္ကဋ္ဌရဲ့လက်တွေက သူမပါးပြင်ကိုထိသွားတဲ့အချိန်မှာ ဘာကြောင့်ရယ်မသိ မမျှော်လင့်ပဲ သူမနှလုံးသားက နွေးထွေးမှုလေးကို ခံစားလိုက်ရသည်

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now