Unicode
" သမီး,သမီးအဖေနဲ့အမေတို့ ဒီနေ့ပဲအိမ်ုပန်တော့မယ်.."
"Ah?"
တုလိန်စစ် ပေါင်မုန့်မီးကင်ကို ကိုက်နေရင်း သူမမိဘတွေကိုစိုက်ကြည့်လိုက်သည်
" အမေတို့က ဒီလောက်မြန်မြန်ကြီးပြန်တော့မလို့လား?"
"အင်း" တုမားမားကခေါင်းငြိမ့်လျက် " သမီးအဖေနဲ့ အမေက ဒီကို လာဖို့ မြန်မြန်ပြင်ဆင်ခဲ့ရတာလေ အဲတော့ စောစောပြန်ပြီး အလုပ်တွေပြန်လုပ်ရဦးမယ် ပြီးတော့ မင်းတို့၂ယောက်ကလဲ ခုမှ ပူပူနွေးနွေးလက်ထပ်ထားတဲ့ စုံတွဲလေ အမေတို့ရှိနေရင် အဆင်မပြေဖြစ်နေလိမ့်မယ် ဒါကြောင့် အမေတို့ပြန်လိုက်တာ အကောင်းဆုံးပဲ"
သူမအမေက အခု နူးနူးညံ့ညံ့ဖြစ်လာတဲ့အချိန်မှ ပြန်ချင်နေတယ် သူမနည်းနည်းတော့ အင်တင်တင်ဖြစ်စွာနဲ့
" အမေ့ ရက်နည်းနည်းလောက် ထပ်နေလို့မရဘူးလား!"
တုလိန်စစ်တောင်းဆိုလိုက်သည်" သမီးက မင်္ဂလာဆောင်ပြီးသွားတာတောင် အဖေနဲ့အမေကို ပြန်လွှတ်ဖို့ အင်တင်တင်ဖြစ်နေတုန်းပဲလာ:"
တုမားမားက ရယ်ကာပြောလိုက်သည်" မဟုတ်..အဲလိုမဟုတ်ပါဖူး..."
တုလိန်စစ် ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး ဥက္ကဌကို တချက်ကြည့်လိုက်သည် အခုအနေအထားက သူမက ချွေးမပုံစံနဲ့ပိုလို့တူနေသည်
သို့ပေမဲ့ လျန်ကျွင်း တစ်ယောက်ထဲ နားလည်တာကတော့ ဒီအရူးမလေးက သူမမိဘတွေ ရှိနေတဲ့အချိန်မှာ သူမကနောက်ရောက်နေတယ်လို့ ကျိန်းသေတွေးနေမှာပဲ
ဒါပေမဲ့ ဒါလဲမှန်တာပဲလေ
အဲအချိန်မှာ တချိန်လုံးငြိမ်နေတဲ့ တုပါးပါးက ရုတ်တရက် ထပြောလေသည်
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.