Chapter - 37 part 2

1.4K 199 5
                                    

Unicode

အခန်းထဲရောက်တော့ ရှောင်ရှကဝိုင်နီနဲ့ ဝိုင်ဖြူနှစ်ပုလင်းကို မှာလိုက်သည်။တုလိန်စစ်သည် စျေးနှုန်းစာရင်းကို တမင်တကာလှန်ကြည့်လိုက်ပြီး ဂဏန်းရှည်များကိုမြင်လိုက်ရသောအခါသူမဒေါသထွက်သွားသည်။ ရှော့ပင်းမောလ်တွင် သူမ အရှက်မရှိ တစ်နေကုန် ကွန်ဒုံးထိုင်ရောင်းရင်တောင်မှ သူမဤဝိုင်ပုလင်း၏တစ်ဝက်ကိုပင် မတတ်နိုင်သေးပေမဲ့ ဒီ အမြှောင်မယားကတော့ မထင်မှတ်ပဲသူမခင်ပွန်းသည်၏ ငွေကိုအလွန်အကျွံသုံးစွဲခဲ့သည်။ တရားလွန်လွန်းတယ်!

တုလိန်စစ်သည်ဒေါသအလွန်ထွက်ပြီး ဝိုင်တန်ဖိုးငွေအားလုံးပြန်ရအောင် အကုန်သောက်ပစ်ရန်ဆုံးဖြတ်လိုက်သည်။

ခဏအကြာတွင် ဝိုင်ရောက်လာသည်။

"အနီလား ? အဖြူလား" ရှောင်ရှကမေးသည်။

" အဖြူရောင်!"

တုလိန်စစ် ဝိုင်ဖြူသည် အနီရောင်ထက်စျေးပိုကြီးသည်မှာ သိသာသောကြောင့် ရဲရင့်စွာပြန်ပြောခဲ့သည်။

ရှောင်ရှသည် ခေတ္တမျှအံ့ဩသွားပြီး သူမအနည်းငယ် အသိအမှတ်ပြုသောလေသံကို သုံး၍ ပြောလိုက်သည်။

"ဝိုင်ဖြူ သောက်နိုင်တဲ့ မိန်းကလေးက နည်းနည်းပဲရှိတယ်!"

' ဘာလို့လဲဆိုတော့ သူတို့က မင်းလိုမျိုး အဆင့်အတန်းမြင့်တဲ့ အငယ်မကို မတွေ့ခဲ့လို့ဘဲ..'

တုလိန်စစ် သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲလစ်က ပုံမှန်မဟုတ်ဘဲ ထူးခြားနေလို့ပေါ့.. " '

ရှောင်ယင်က ရုတ်တရက်ကြားဖြတ်ပြောလိုက်ပြီးနောက် သူကဝိုင်တစ်ခွက်ကိုယူကာ သူကိုယ်တိုင်ကြင်ကြင်နာနာ ငဲှ့ထည့်လိုက်ပြီး မရေမရာပြောလိုက်သည်။

"လာပါ၊ ဘေဘီရယ်! ကိုယ် မင်းနဲ့တူတူ ဝိုင်ဖြူသောက်ပေးမယ်!"

ဒီအသံကိုကြားလိုက်တာနှင့် သူမဗိုက်ထဲမှာမြစ်တွေ ပင်လယ်တွေ ထဲမှာ မုန်တိုင်းတွေ တိုက်ခတ်လာတယ်လို့ခံစားလိုက်ရသည်။

" သူ့ကိုလျစ်လျူရှုလိုက်.. သူကရူးနေတာ! "

ရှောင်ရှသည် ရှောင်ယင်ကို ဒေါသတကြီးကြည့်ပြီးနောက် သူမက တုလိန်စစ်ဆီသို့ လှည့်လာပြီးပြောလိုက်သည်။

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now