Unicode
အန်တီက ရုတ်တရက်ရောက်လာဖို့ဆုံးဖြတ်လိုက်သောအခါ မူလပထမရက်အနည်းငယ်သည်မိန်းကလေးတွေအတွက် အနာကျင်ရဆုံးနေ့ရက်များဖြစ်လိမ့်မည် များသောအားဖြင့် ထိုနေ့ရက်များသည် သူမအပျော်ဆုံးနေ့ရက်များဖြစ်လာခဲ့သည် အဲဒါဘာလို့ဆို အန်တီဝူ ကသူမသွေးအားကောင်းအောင် ကြက်သားစွပ်ပြုတ်များနေ့တိုင်းတိုက်ခြင်းကြောင့်မဟုတ်ပေ ဥက္ကဋ္ဌကသူမကိုလှုပ်ရှားဖို့ခွင့်မပြုတာကြောင့်ပင်ဖြစ်သည်
၎င်းသည် ကြော်ငြာဆောင်ပုဒ်ဖြစ်သင့်သည် : ပိုမိုခြောက်သွေ့လေ , ပိုမိုသက်တောင့်သက်တာဖြစ်လေ , ပိုမိုသောကကင်းဝေးလေ..
တုလိန်စစ်ရဲ့ EQ ကအနည်းငယ်နိမ့်ပါးသော်လည်း သူမစိတ်လှုပ်ရှားစရာကောင်းတဲ့ညပြီးထဲက ရိုမန့်ဝတ္ထုတွေထက်မဖတ်တော့ပေ ဥက္ကဋ္ဌက သူမကို အထူးသဖြင့်ကောင်းပေးခဲ့သည်
သူဘယ်အတိုင်းအတာထိကောင်းလဲ?
တူညီတဲ့အချက်ကိုသုံးပြီးပြောရရင် အရင်ကသူဥက္ကဋ္ဌကိုဒေါသဖြစ်စေလျှင် သူကမပျော်မရွှင်ဖြစ်လိမ့်မည် သို့သော်လည်း အခု သူမကမကျေမနပ်ဖြစ်လို့ အဘိုးယွီဆီတိုင်တန်းနေသည့်စကားများကို ဥက္ကဋ္ဌမတော်တဆကြားခဲ့လျှင်တောင် သူပြုံးရုံပဲပြုံးပြီး ဘာမှထပ်မပြောချေ
အဲဒါတင်မကသေးဘူး အရင်က သူမကိုစကားပြောရင် အမြဲမျက်နှာတည်ကြီးနဲ့ပြောတဲ့ဥက္ကဋ္ဌက ဘယ်အချိန်ကမှန်းမသိပေမယ့် သူက သူမ ရှေ့မှာ မကြာခဏဆိုသလို ပြုံးလာပြီး ထိုအပြုံးတွင် မည်သည့်လျှို့ဝှက်ကြံစည်မှုမျိုးမှရှိမနေ
နောက်ထပ်ဥပမာတစ်ခုကိုပြောရရင် အရင်တုန်းက ဥက္ကဋ္ဌက သူအလုပ်မသွားခင် သူမကို ဘယ်တုန်းကမှနှုတ်ဆက်မသွားပေ အခုတော့ သူက အလုပ်မသွားခင်မနက်တိုင်း သူမကိုစကားတွေအများကြီးပြောလာခဲ့သည်
အတိုချုပ်ပြောရရင် ဥက္ကဋ္ဌက အရင်ကပုံစံနှင့်လုံးဝမတူတော့ချေ
ဒါပေမဲ့ အဲဒီအရာတွေကြောင့် တုလိန်စစ် အံ့အားသင့်မှုတွေရရှိခဲ့သည်
သူမ လျန်ကျွင်းရဲ့အသူတရာနက်သည့်မျက်ဝန်းတွေနဲ့ရင်ဆိုင်ရသည့်အချိန်တိုင်း သူမမတတ်သာဘဲ စိတ်လှုပ်ရှားမှုခံစားရသည် ဥက္ကဋ္ဌသူမအပေါ်ယိမ်းယိုင်လာသည်ကိုမြင်တိုင်း သူမရှောင်တိမ်းလိုသည့်ဆန္ဒတွေက ပြင်းပြင်းပြပြဖြစ်ပေါ်လာသည် ဥက္ကဋ္ဌရဲ့ ပုံမှန်ခြေသံကိုကြားရင်တောင်မှ သူမနှလုံးသားက တမင်တကာမလုပ်ယူပဲ တဒိတ်ဒိတ်ခုန်လို့လာသည်
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.