Unicode
‼️ NSFW ‼️
တုလိန်စစ် နိုးလာတော့ သူမခေါင်းက ငြီးစီစီဖြစ်နေတုန်းပင်။
သူမမျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အကြီးကြီးသမ်းဝေလိုက်သည်။သူမမျက်လုံးတွေကို ထပ်ဖွင့်လိုက်သည့်အချိန်ထိတိုင်အောင် သူမပါးစပ်တွေကမပိတ်သေးပေ။
ဥက္ကဋ္ဌကဘာလို့ သူ့ဘေးမှာအိပ်နေတာလဲ?
လန့်စရာအကောင်းဆုံးကတော့ သူကဘာမှမဝတ်ထားတာပါပဲ..စောင်ပါးလေးတစ်ထည်သာ သူ့အောက်ကို လွှမ်းခြုံထားပြီး သူ၏အပေါ်ပိုင်းတစ်ခုလုံးကို ဖော်ပြထားလေသည်။ဒါ တုလိန်စစ် သူ့ခန္ဓာကိုယ်ကို မြင်ဖူးသည့် ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ယခုထိတိုင် သူမသွေးတွေ ပြောင်းပြန်စီးနေသလို ခံစားနေရဆဲဖြစ်သည်။
သူမ နွေဦးအိမ်မက် မက်နေတာမဟုတ်ဘူးဆိုတာ သေချာအောင်လုပ်ပြီးမှ သူမကိုယ်ကိုကိုယ်ပြန်လည်သုံးသပ်ပြီး မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာပြန်တွေးလိုက်သည်။
*နွေဦးအိမ်မက်- ပုံမှန်မဟုတ် ဆန်းပြားသောအိမ်မက်
သူမတွေးပြီးရင်းတွေးနေပေမဲ့လို့ ဘာမှမမှတ်မိနိုင်ခဲ့ပေ....
>________<
အဲဒီအချိန် ဘေးမှာအိပ်နေသည့် ဥက္ကဋ္ဌက ရုတ်တရက် တဖက်လှည့်လာသည်။အဲလိုရိုးရိုးလေး လှည့်လိုက်ခြင်းက နဂို လွှမ်းရုံသာလွှမ်းထားသည့် စောင်အပါးလေးက အောက်သို့ပိုပိုသာသာ လျှောကျသွားရာ ဥက္ကဋ္ဌ၏ ကျစ်လစ်နေသော abs များကို လှစ်ဟလာခဲ့သည်။
ရှူသွင်း.....ရှူထုတ်!
တုလိန်စစ်၏ခေါင်းများ ပေါက်ကွဲမတက်ဖြစ်လာပြီး နှာခေါင်းထဲမှာ ပူနွေးနွေးအရည်များက စီးကျလာဖို့ရန် အဆင့်သင့်ဖြစ်နေခဲ့ချေပြီ။
ဒီလိုအနေအထားမျိုးမှာ တုလိန်စစ် မနေ့ညက ကိစ္စကို ပြန်သတိရဖို့မဆိုထားနှင့် ..သူမ၏မျိုးရိုးနာမည် သူမအမေ၏နာမည် သူမအဖေက ယောကျာ်းလား မိန်းမ ဆိုတာပင် တုလိန်စစ် အရာရာမေ့လျော့သွားခဲ့သည်။
ထိုအချိန်၌ သူမ ထိုနွေဦးလို သာယာဖွယ်ကောင်းသည့် မြင်ကွင်းလေးအား ဆွံ့အစွာကြည့်နေရုံသာတတ်နိုင်တော့သည်။သူမနှလုံးသားထဲမှာ လက်သည်းလေးမျာဖြင့် ဆက်တိုက်ကုတ်ခြစ်နေသကဲ့သို့ ယားကျိကျိခံစားနေရသည်။
ČTEŠ
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.