Chapter -29 ဘဝဆိုတာဘယ်ကိုဦးတည်နေလဲ မသိတော့ပေ?

1.2K 201 7
                                    

Unicode

ယေဘုယျအားဖြင့် ရိုမန့်ဝတ္ထုတွေထဲမှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီး ဟိုဟာလုပ်ပြီးသွားတဲ့နောက်နေ့ကျ လုံးဝကို နေသာသည့်မနက်ခင်းလေးဖြစ်နေလိမ့်မည် အမျိုးသမီးလေးက ရေချိုးခန်းထဲကရေကျသံတွေကြောင့် နိုးလာခဲ့ပြီး မနေ့ကအကြောင်းကို တွေးနေလိမ့်မယ် အဲဒီအချိန် အမျိုးသားက ရေချိုးခန်းထဲကနေ ရေချိုးဝတ်စုံလေးနဲ့ထွက်လာပြီး နူးညံ့ပျော့ပျောင်းကာချစ်ရည်ရွှမ်းလဲ့နေသည့်မျက်ဝန်းတို့ဖြင့်ကြည့်လာပြီး အလိုလိုက်သည့်လေသံလေးဖြင့် မေးလာပေမည်

" နာနေသေးလား?"

ထို့နောက်မှာတော့ အမျိုးသမီးလေးက ရှက်သွေးဖြန်းနေသည့် ပန်းဆီရောင်ပါးပြင်လေးဖြင့် ခေါင်းလေးငုံ့သွားပြီး သူမနှလုံးသားကတော့ ဝရုန်းသုန်းကားဖြစ်နေလိမ့်မည်

ထိုသို့သောပုံစံလေးကအမျိုးသားကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စေပြီး အမျိုးသမီးလေးကို အိပ်ရာပေါ်သို့ တွန်းလိုက်လိမ့်မည် အမှတ်မထင်ပဲ သူက နှစ်ထောင်ချီနေသည့် မကောင်းဆိုးဝါးနတ်ဆိုးကဲ့သို့ အပြုံးကြီးထုတ်ပြုံးလာပြီး

" မင်းရဲ့အနံ့လေးက အရမ်းမွှေးတာပဲ ငါထပ်ပြီးအရသာခံချင်သေးတယ် "

ထို့နောက်မှာ သူတို့နှုတ်ခမ်းတွေက ထိကပ်လို့သွားပြီး ကျန်တဲ့အရာတွေကတော့....?

ဝတ္ထုတွေထဲမှာ အဲလိုပဲရေးထားတာကြောင့် တုလိန်စစ်လဲ အဲလိုပဲထင်ခဲ့သည် သူမနိုးထလာသည့်အချိန်မှာ ပြတင်းပေါက်မှဖြတ်ဝင်လာသော တောက်ပသည့်အလင်းရောင်ကြောင့် မျက်လုံးတွေစူးခနဲဖြစ်သွားတော့သည် တံခါးနောက်က ရေသံကိုကြားလိုက်ရတာကြောင့် သူမစိုးရိမ်ကာ စိတ်တထင့်ထင့်ဖြစ်လို့နေသည်

မနေ့ညက ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းသည့်အဖြစ်အပျက်ကို သတိရမိတော့ သွေးတွေက ခြေဖဝါးကနေ ခေါင်းအထိ တဟုန်ထိုးဆန်တက်လာသလိုခံစားလိုက်ရသည် စောင်အောက်မှာရှိနေသည့် တုလိန်စစ်၏အရေပြားတွေဟာ ပူလောင်ကာ နီရဲလို့လာတော့သည်

အတိတ်မှာတုန်းက ဥက္ကဋ္ဌဟာ မပြေလည်လွယ်နိုင်သည့် ရက်စက်ကြမ်းတမ်းသူ ဩဇာလွှမ်းမိုးလိုသူ လက်စားချေလိုစိတ်ပြင်းထန်သည့် အာဏာရှင်တစ်ယောက်ဟု သူအမြဲတွေးခဲ့တာဖြစ်သည် မနေ့ညပြီးသွားတဲ့နောက်မှာတော့ မပြေလည်လွယ်သည်ဆိုသည်မှာ ကိစ္စသေးသေးလေးသာဖြစ်သည် ဩဇာလွှမ်းမိုးနေစဉ်မှာပဲ ပုဇွန်အခွံကို ကြမ်းကြမ်းတမ်းတမ်းခွာသည့်နေရာတွင်လည်းအတော်ဆုံးဖြစ်သည် သို့သော်လည်း ဥက္ကဋ္ဌရဲ့ အဆိုးဝါးဆုံးဗီဇကတော့ ကောက်ကျစ်ယုတ်မာတဲ့သူဖြစ်နေတာပဲ ..!

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now