Chapter-24 ဥက္ကဋ္ဌနှင့်အတူသီးသန့်နေထိုင်ရသည့်နေ့ရက်များ(1)

1.3K 188 7
                                    

Unicode

အပြစ်မဲ့တဲ့ ကျောင်းသူလေးတုလိန်စစ်ကတော့ ခုထိကို အရူးလုပ်ခံရပြီး ဒီမနက်လေးတင် ဥက္ကဋ္ဌဆင်ထားတဲ့ထောင်ချောက်ထဲသို့ သတိမမူပဲကျဆင်းလို့သွားတော့သည် လွတ်လပ်တဲ့နေရာထိုင်ခင်းနှင့် ၇ရက်ဟိုတယ်ကွာရန်တင်းခရီးစဉ်က လက်မောင်းတွေကျယ်ကျယ်ဖွင့်ထားပြီး သူမကိုစောင့်ကြိုနေခဲ့သည်

လေဆိပ်ကို လှည့်စားပြီးအခေါ်ခံရတယ် , ဟိုတယ်ကိုလှည့်စားပြီးအခေါ်ခံရတယ် သူမလို ကျန်းကျန်းမာမာ မိန်းမငယ်လေးကိုတောင် သီးခြားနေရအောင်လုပ်ပစ်တယ် ! ဒီတခါဥက္ကဋ္ဌ လုပ်သမျှအရာတိုင်းက ကြိုတင်ကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ တကယ့်​ကို ဘဘာဝကျတဲ့လိမ်လည်မှုကြီး!

ဒီတခါတော့ တုလိန်စစ် လုံးဝဒေါသထွက်လို့သွားသည်

" ရှင်ဘယ်လိုများဒီလိုလုပ်နိုင်ရတာလဲ?"

တုလိန်စစ် ခိုင်ခိုင်မာမာကိုပြန်လည်ချေပပြောဆိုလိုက်သည်

" ရှင်သီးခြားစီနေရမယ်ဆိုတာ သေချာပေါက်သိလျက်သားနဲ့ကျွန်မကိုပါရှာပြီး ကြားကနေဒုက္ခရောက်အောင်လုပ်ပစ်တယ် ရှင်တော်တော်တရားလွန်သွားပြီ!"

သူမဥက္ကဋ္ဌဒီလိုပြန်မေးလာလိမ့်မယ်လို့မထင်ထားခဲ့ဘူး

" ကိုယ်ကဘယ်နေရာမှာများ တရားလွန်သွားလို့လဲ ?"

သူကခုထိကို သူဘာလုပ်မိမှန်းမသိတဲ့မျက်နှာလေးဖြင့်မေးနေသေးသည် ! ဘယ်နေရာလဲဟုတ်လား နေရာတိုင်းပဲ !

တုလိန်စစ်စိတ်ဆိုးမာန်ဆိုးဖြင့်

" ရှင်ကတော့သူဌေးဆို​ေတာ့ ဘယ်စိတ်ပူစရာလိုမလဲ, ကျွန်မကတော့ သေးနုပ်တဲ့ဝန်ထမ်းရှင့် ဒီမှာ၇ ရက်နေတယ်ဆိုတာ ကျွန်မရဲ့၇ရက်စာလစာကိုဖြုန်းတီးပစ်တာနဲ့တူတူပဲ ၇ရက်စာက ဘယ်လောက်ရှိလဲဆိုတာရှင်သိရဲ့လား?"

လျန်ကျွင်းမျက်ခုံးတွေကိုပင့်တင်လိုက်ပြီး

" ဘယ်လောက်လဲ?"

တုလိန်စစ် အစက $300 လို့ပြောချင်ပေမဲ့ ကိစ္စကိုပိုပြီးလေးလေးနက်နက်ဖြစ်သွားအောင် 200 ထပ်ပေါင်းပြီး

Can I Not Get  Married ?( 可不可以不嫁人 ) [ MM Translation ] Where stories live. Discover now