ဟေမာန်...ဆောင်းအကုန်ခါနီးနွေအစ နွေဦးရောက်တော့မယ်.. ရာသီဥတုက မပူလွန်းမအေးလွန်းလေးမို့ အတော်နေလို့ကောင်းသည် ဆောင်းအငွေ့အသက်လေးကိုမှ နေရောင်ပြပြလေးနှင့် ဆိုးလ်မြို့၏အလှ
အိပ်ခန်း ပေ 20 လောက်ရှိသည့် မီးခိုးရောင်အခန်းကျယ်ကြီး နက်ပြာရောင်အိပ်ယာခင်းနှင့် အလျား၆ပေအနံ၆ပေယောက်အိပ်ကုတင်ပေါ်မှ နို့ရောင်ပမာ ဖြူအုနေသည့် ကောင်လေးတစ်ယောက် ဇင်ယောတောင် မျက်ခုံးနက်နက်လေးတွေနဲ့ နှာတံစင်းစင်း V shape မေးရိုး ပန်းနုရောင်နှုတ်ခမ်းပါး...
" ပါမေက္ခ Hun ..ပါမောက္ခ Hun " ဟု အခန်းပြင်မှ တံခါးခေါက်နှိုးနေတဲ့ အိမ်တော်ထိန်း Ajima ၏အသံ ကြားလိုက်သည်နှင့် တပြိုင်နက် နက်ပြာရောင်အိပ်ယာခင်းနှင့် မွေ့ယာထဲနစ်ဝင်နေတဲ့ ကောင်လေး၏ မျက်ခုံးနက်နက် ၂ခုတို့ ကျုံ့လာပြီးမှ မျက်တောင်နက်နက် မတိုမရှည်လေးတွေ လှုပ်ခပ်လာသည်.. လူတစ်ရပ်စာ မှန်ပြတင်းပေါက်ကြီးစီမှ ထွက်လာသော အလင်းရောင်တို့ကြား မပွင့်တပွင့် မျက်လုံးလေး
"Nae..Arjima ကျွန်တော်ထပြီ" လို့ အခန်းပြင်မှ လာနှိုးတဲ့ အိမ်တော်ထိန်း Arjima ကို ပြန်ပြောပြီး အိပ်ယာဘေး က နာရီကို လှမ်းကြည့်လိုက်တော့ 7:00 ရှိပြီ ကျောင်းသွားရန်ပြင်ဆင်ဖို့ အချိန် 1နာရီခွဲသာရှိတော့တယ် ဟု တွေးကာ ပါမောက္ခHunတို့ အိပ်ယာမှကုန်းရုန်းထကာ စောင်အသာခေါက်ပြီး ကုတင်ခြေရင်းမှာ အသာထားလိုက်သည်
ရေချိုးခန်းထဲမှ မျက်နှာသစ်ရေချိုးပြီး ထွက်လာသော ပါမောက္ခဟွန်း ၏ အသားရေမှာ အလွန့်အလွန် ထိရက်စရာမရှိ ဝင်းဝါနေသည် ဘယ်ရီ ရနံ့ ရေချိုးဆပ်ပြာ အနံ့သင်းသင်းလေး မွှေးလျက်ရှိသည်
ရေချိုးခန်းဘေးမှ ကျွန်းအရောင်ဘေးဆွဲတံခါးကို ဆွဲလိုက်တဲ့အခါ အရောင်အသွေးအစုံ ရှပ်အင်္ကျီများ အောက်ဆုံးမှာ ရှူး အနက် ၁၀ရံ ထက်မက ရှိသော အခန်းကျယ်
*တစ်နေ့တစ်နေ့ အင်္ကျီ အရောင်ကိုအချိန်ပေးရွေးရသည်မှာလည်း အလုပ်မဟုတ်* ကျောင်းသွားရန် ၁နာရီခွဲသာ ပြင်ဆင်ရန်ရှိသည်မို့ တွေးရင်းဒေါသထွက်လိုက်သေးသည်
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻