*ဒါကဘယ်လိုအခြေနေမျိုးလဲ Jun Myeon!*"Jun..Jun အိမ်ရောက်ပြီ"
"အာ..ဟုတ်ကဲ့Yixing ကျေးဇူးပါ"
ကားတံခါးတစ်ဖက်ကိုလာဖွင့်ပေးရင်း Yixing ပုခုံးပေါ်မှီလိုက်လာတဲ့ ယုန်ဆိုးလေးကို အိမ်ရောက်ကြောင်းပြောကာ နှိုးတော့ အမူးပြေနေပြီထင်ရသည် ကောင်း"မွန်"ပြန်ဖြေတာမို့ လက်မောင်းတစ်ဖက်ကို ပုခုံးပေါ်တင်ကာ ကားထဲမှ အမူးသမားလေး ထဖို့ထိန်းကူရသည်
"ကျွန်တော်အဆင်ပြေပါတယ်"
"ဟုတ်ပါပြီ"
တစ်ဖက်လှည့်ကြည့်လိုက်တော့ မေးရိုးနှစ်ဖက်တင်းနေအောင် အံကြိတ်ထားတဲ့ ကျွန်တော့်ဘေးကကောင်လေးရဲ့တစ်ယောက်သောလူ
Yixing ပါးတွန့်ရုံသာပြုံးပြီး တစ်ဖက်ကကောင်လေးနားနားကပ်ခါ "Junရဲ့ပါမောက္ခကို Jun ပြန်ချေပချင်လား"
"အင်း နဲနဲ..အင့်"
လျင်မြန်စွာကျလာတဲ့ နှုတ်ခမ်းပါးတစ်စုံကို Junတားဆီးဖို့အချိန်မမှီလိုက်ပေ ။
~ခွတ်~
"မင်း ရောက်မတတ်လာနဲ့ Yixing တောက်"
ကိုယ်ကသာဒေါသတစ်ကြီး ဆင်ခြင်တုံတရားမရှိစွာနဲ့ ကိုယ်ပိုင်တဲ့သူကိုထိလူကို လျင်မြန်စွာထိုးလိုက်ပေမယ့် ကိုယ်ပိုင်တဲ့သူကတော့ ကိုယ့်ကိုမဟုတ်ပဲ ကိုယ်ထိုးတဲ့သူရဲ့ မျက်နှာကို စိုးရိမ်တကြီးကိုင်ကာ ကိုယ့်ကိုနားမလည်နိုင်စွာကြည့်တာခံရသည်
"Yixing..အဆင်ပြေရဲ့လား သွေးတွေထွက်နေပြီ"
"ကိုယ်အဆင်ပြေပါတယ် Jun"
"ဒါဘယ်လိုလုပ်လိုက်တာလဲ ပါမောက္ခ!"
"ဘာ! ကို့ကိုပြန်မေးနေတာလား တောက် လာစမ်းJun Myeon!"
Junရဲ့လက်တစ်ဖက်ကို စောင့်ဆွဲကာ အိမ်ထဲသို့ဝင်ရန်ခြေလှမ်းပြင်လိုက်ပြီး
"ဦးလေးကြီး.."
"ဗျာ အကိုလေး"
"ဖိတ်မခေါ်တဲ့ ဧည့်သည်ကိုပြန်လွှတ်လိုက်ပါတော့"
"ဟုတ်ကဲ့"
"လာ မင်းနဲ့စာရင်းရှင်းမယ်"
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻