Part 29

122 21 6
                                    


*ရုံးသွားတာ ပြောမသွားတာက ငါနားလည်ပေးနိုင်ပါတယ် ဒါပေမယ့် နိုင်ငံခြားကတော့ ပြောသွားသင့်တယ် မဟုတ်လား တကယ်ပဲသူ့စိတ်ထဲငါမရှိတော့ဘူးလား*

"Arjima ကျွန်တော့်ကို မနက်စာအဆင်ပြေမယ့် တစ်ခုခုလုပ်ပေးပါ"

"မလုပ်ပေးနဲ့တော့ Arjima ကျွန်တော်ဝယ်လာတယ်"

မနက်စောစောစီးစီး သူများအိမ်ကို မနက်စာနဲ့ရောက်လာသူကတော့ နှစ်ယောက်မရှိတဲ့ Bhyun Baekhyun ၊နောက်ဆိုရင် Oh Baekhyun ဖြစ်လာတော့မယ့်သူပေါ့။

"အိမ်ကြီးသခင်ဖြစ်တော့မယ်ဆိုတော့ မင်းကတံခါးမရှိ ဓားမရှိ ဝင်လာပြီပေါ့"

"Haha အိမ်ကြီးသခင်က ပါမောက္ခHunမို့လို့ သူ့ရဲ့ကြင်ယာဖက်ကမှ အိမ်ကြီးသခင်ပါနော်"

Hun ဆိုတဲ့အသံကြားတာနဲ့ ကိုယ့်မျက်နှာက အမူအရာပြောင်းပြီးသားပင်

"နေပါအုံး မင်းတို့ကြားတစ်ခုခုဖြစ်ထားတယ်မှတ်လား ငါသိတာမို့ မင်းငါ့ကိုလိမ်ဖို့မစဉ်းစားနဲ့"

"မင်းကသိတယ်ဆိုတော့ မင်းကသူ့ယောက်ျားလား"

"ဒီကောင်စကားကောင်းကောင်းကိုပြောလို့မရဘူး"

"ငါမနက်စာစားတော့မယ် ဗိုက်ဆာနေပြီ ပေးမင်းဝယ်လာတဲ့ မနက်စာ"

"ရော့ ရော့"

"Arjima ကျွန်တော့်ကို နွှေးပြီးထည့်ပေးပါလား"

"ဟုတ် Junလေး"

Baekhyun ရော Junရော မနက်စားကို တောင်ပြောမြောက်ပြော ပြောရင်း စားခဲ့ကြသည်
———————————————————————————-
"အဲ့တော့မင်းက ပါမောက္ခကိုအဲ့လိုကြီးပြောလိုက်တယ်ပေါ့"

"အင်း"

"မင်းရှင်းပြဖို့မပြောဘူးလား "

"သူမှမရှင်းပြတာ သူမရှင်းပြချင်လို့ပဲဖြစ်မှာပေါ့"

"ငါကတော့ မင်းတို့ကိစ္စအဲ့လောက်မသိပါဘူး ဒါပေမယ့် ကိုကိုပြောသလောက်တော့ Luhan Geဆိုတဲ့လူက ပါမောက္ခရဲ့Exတဲ့ Luhan Geကပဲထားခဲ့တာလို့ပြောတယ် အခုပြန်လာနေတာကလည်း ပါမောက္ခကိုပြန်လိုချင်လို့ အဲ့လိုလုပ်တာဖြစ်ဖို့များတယ်တဲ့ ဒါပေမယ့်အဲ့Luhan Ge လာနေမယ်ဆိုတုန်းက ပါမောက္ခက မင်းထိခိုက်မှာတအားစိုးတဲ့အကြောင်း ကိုကို့ကိုပြောတယ်တဲ့ သူမင်းကိုမဆုံးရှုံးချင်တဲ့အကြောင်းရော Luhan Geရဲ့ အသုံးချခံမဖြစ်စေချင်တဲ့အကြောင်းတွေပြောတယ်တဲ့ ကိုကိုကလည်း Luhan Geကဒီအတိုင်းပဲ အကူညီတောင်းတာပဲလို့မှတ်ပြီး နေခွင့်ပေးလိုက်တာတဲ့လေ"

Favorite PersonWhere stories live. Discover now