Part 22

134 24 5
                                    


"အဒေါ်ကြီး!! အဒေါ်ကြီး!!!"

"ရှင်..အကိုလေးဘာလိုလို့လဲ"

Luhanရဲ့ အော်ခေါ်သံကြောင့် Arjima sushiလုပ်ရင်း တန်းလန်းပင် အပြေးထွက်လာခဲ့ရတော့သည်

"ကျွန်တော်ဒါမကြိုက်ဘူး တဖြစ်ဟာလုပ်ပေးပါ"

"ဒါဆို အကိုလေးခဏစောင့်ပါလား Junလေးအတွက် Sushi ပြင်ပေးပြီးရင် လုပ်ပေးပါ့မယ်"

"မလိုချင်ဘူး! ကျွန်တော်ကအခုစားချင်တာလေ!"

"ဟို..ဟိုလေ Junလေး နိုး..နိုးးလာရင် စားစရာမရှိ.."

"ကျွန်တော်ပြောတာနားမလည်တာလား?"

"ဟု..ဟုတ်ကဲ့ အခုသွားလုပ်ပေးပါ့မယ်"

Arjima ခေါင်းတကုတ်ကုတ်ဖြင့် Junလေးကိုလုပ်ပေးပြီးရင် လုပ်ပေးမယ်ပြောတာကို အခုလုပ်ပေးပြောတဲ့ Luhanကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့

"Arjima..လုပ်ပေးစရာမလိုဘူး"

လှေကားမှဆင်းလာတဲ့ Hunရဲ့ အသံကြောင့် Arjima နဲ့ Luhan တခဏငြိမ်သက်သွားသည်

"ဘာလို့လဲ Hunလေး Geဒါမကြိုက်တာ Hunလေးသိရက်နဲ့"

"Arjima.. Junလေးမကြာခင်ဆင်းလာတော့မယ် သူ့အတွက်Sushiပြီးအောင်လုပ်ပေးပါ အော်ပြီးတော့ ကော်ဖီမဖျော်နဲ့ သူ့ကိုနွားနို့ပဲချပေးလိုက်ပါ"

"ဟု..ဟုတ်ကဲ့ Hunလေး"

Luhan စကားကိုအရေးပင်မစိုက် Junအတွက်ကို Arjimaကိုအရင်ပြင်ဆင်ခိုင်းပြီးမှ ထမင်းဝိုင်းမှ ခုံတစ်ခုထိုင်ဖို့ဆွဲယူလိုက်ရင်း

"Ge မှာဂျီးများပိုင်ခွင့်မရှိဘူး"

ကော်ဖီခွက်ကို လက်တစ်ဖက်ဖြင့် တစ်ငုံမော့ရင်း ဆိုလာတဲ့ Hunကြောင့် Luhan မေးခွန်းထုတ်မိသည်

"ဘာလို့မရရမှာလဲ Ge မကြိုက်တာGeဘယ်လိုစားရမလဲ"

"ဒါ Geအိမ်မဟုတ်ဘူး"

"ဟက်..Geအိမ်အခုမဟုတ်ပေမယ့် နောက်ဖြစ်လာမှာလေ"

Luhan ရဲ့စကားကြောင့် Hun အကြည့်စူးစူးဖြင့် တစ်ချက်စိုက်ကြည့်မိရာမှ အသံငယ်လေးကြောင့်

"ဦး.."

"ခင်ဗျာ.."

ထိုင်နေတဲ့ကိုယ့်ပုခုံးပေါ် မတ်ရပ်လျက်သိုင်းဖက်လာတဲ့ လက်ဖြူဖြူနုနုလေးကို အုပ်ကိုင်ကာပွတ်ရင်း

Favorite PersonWhere stories live. Discover now