နှစ်ယောက်လုံး ထမင်းသွက်သွက် စားခဲ့ကြပြီး စောစော အိပ်ယာဝင်ခဲ့ကြသည် အလိုက်မသိစွာ ခေါင်းရင်းက ၅မိနစ်ခြားမြည်နေတဲ့ နာရီကို Jun Myeon အမြန်ပိတ်ထပိတ်လိုက်တယ် ၇နာရီတောင်ရှိပြီပဲ Jun Myeonရေ fighting! ဟုဆိုကာ ကိုယ့်ကိုကိုယ်အားပေးလိုက်ပြီး ဒုတိယမြောက်ကျောင်းတက်ရမည့်နေ့ကို တက်ကြွနေသည့် ဝါဂွမ်းလေး
"ဟုတ်ပြီ..ရေလည်းချိုးပြီးပြီ အိပ်ယာလည်းသိမ်းပြီးပြီ Uniform လဲဖို့နဲ့ ခေါင်းဖြီးဖို့ပဲကျန်တယ် လွယ်အိတ်ကလည်းညတည်းက ပြင်ပြီးပြီ တော်တယ် Kim Jun Myeon! "ကိုယ့်ဘာသာ ဘာလုပ်ရန်ကျန်သေးမလဲ ဆိုတဲ့ အတွေးနဲ့ တစ်ခုစီရေရွတ်နေမိတော့တယ် အကုန်လုံးပြင်ဆင်အပြီးမှာ ၈နာရီမျှပင်ရှိသေးသည် အနက်ရောင်ဘောင်းဘီရှည် ရှပ်အင်္ကျီလက်တို အကွက်အနားကွတ်လေးများနှင့် သန့်ပြန့်နေသည့် Jun Myeon အဖို့ Uniform နှင့်အတော်လိုက်ဖက်သည်
*၈နာရီ..ငါစောစောအိမ်ကထွက်သင့်လား မနက်စာလေးဘာလေးဝယ်စားရင်း ကျောင်းစောစောရောက်တော့လည်း စာကူးလို့ရတာပေါ့*Jun Myeon အခန်းထဲကကိုယ့်အစီစဉ်နဲ့ကိုယ်ထွက်လာအပြီးမှာပဲ ခေါင်းရင်းအခန်းက suit အပြည့်နဲ့ ခန့်ခန့်လူကြီး အသားအရေမှာလည်း မိန်းကလေးရှုံးလောက်သည် အိပ်ရေးဝပုံပေါ်သည်မို့ မျက်ကြည်ကြည်လေးနှင့် ပန်းနုရောင်သန်းနေတဲ့ ဖွေးဖွေးအုအုမျက်နှာလေး ခြေမျက်စိ အပေါ် တက်နေတဲ့style pant ကြက်သွေးရောင်လေးက အသားဆောင်လွန်းသည်လားပဲ လမ်းလျှောက်တိုင်းလွတ်သွားတဲ့အခါ ပေါ်လာတဲ့ ခြေမျက်စိလေးကအစ ပန်းနုရောင်..
"အဟမ်း.."
Jun Myeon ငမ်းကောင်းနေစဉ်မှာပဲ Hun တစ်ယောက်ချောင်းဟန့်လိုက်သဖြင့် အတွေးစ အငမ်းစပျက်သွားသည်
"Morning ပါ ပါမောက္ခ စောစောနိုးနေတာပဲ"
"မင်းရောUniform တောင်လဲပြီးပြီ!ကျောင်းသွားတော့မလို့လား"
"အာ..ဟုတ်တယ် ကျွန်တော်စောစောအိမ်ကထွက်မလားလို့"Jun Myeon သူ့လက်လေးနှင့်သူ့ဇတ်သူပွတ်ပြီး သွားဖြီးကာ Hun ကိုပြောပြနေသည်က ချစ်စရာလေးမှချစ်စရာလေးရယ်..
"ဘာလို့စောစောလဲ?"
"ဟို..ကျွန်တော်မနက်စာလည်းဝယ်.."
"မင်းကိုဘယ်သူကမှမနက်စာ မကျွေးပဲကျောင်းမလွှတ်ဘူး"
ခပ်ပြတ်ပြတ်စကားပြောရင်း လှေကားနားလျှောက်သွားတဲ့ Hun ကိုJun Myeon ကြောင်ကြည့်ကာ
"ကျွန်တော့်ကိုမနက်စာပါတကယ်ကျွေးမှာလား"
"ငါကျီစယ်ရတာမကြိုက်ဘူး"
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻