Part 26

132 22 5
                                    


"ငယ်..ကလေးလေး ကိုရှင်းပြမယ်နော် ချစ်ဆုံးလေးထင်သလို မဟုတ်ဘူး ကလေးရဲ့ ကိုပြောတာနားထောင်အုံးနော်"

ကိုယ်ကသာရှင်းပြဖို့ ပြောနေပေမယ့် အရှေ့ကကလေးကတော့ စိတ်ပျက်သွားသလိုမျက်လုံးတွေနဲ့ တုန်တုန်ရီရီသာငိုလို့နေသည်

*ကလေးရယ်..ကိုရင်နာလိုက်တာ မငိုပါနဲ့ ကိုအဆုံးရှုံးမခံနိုင်ဘူးကိုယ့်နှလုံးသားလေးရဲ့ ကျေးဇူးပြုပြီး ကိုပြောတာနားထောင်ပြီး ကို့အပေါ်အရင်လို ယုံကြည်ပေးပါအုံး ကလေးရယ်*

ကိုယ်ရှေ့တလှမ်းတိုးတော့ ကောင်လေးက ခြေတစ်လှမ်းဆုပ်ရှာတယ်

*ကိုယ်ဒီလိုဖြစ်မှာကြိုသိလို့ ကိုယ်အနေထိုင်ဆင်ခြင်ပြီး မင်းကိုပိုချစ်ပေးခဲ့တာလေ ငယ်လေး ကိုယ်ဒီလိုပုံစံဆက်ဆံခံရတာ ကိုယ့်ရင်ဘယ်လောက်နာလဲ မင်းမတွေးမိဘူးလား ကလေးရဲ့*

တုန်ရီနေတဲ့ ပုခုံးလေးတစ်ဖက်ကို ကိုင်ရင်း နဖူးချင်းတိုက်စေကာ ပါးပြင်ပေါ်ကမျက်ရည်လေးကို လက်မဖြင့်ဖွဖွဖိသုပ်ပေးရင်း

"ကလေး..ကို.."

"ကျွန်တော်အိမ်ပြန်ချင်တယ်"

*တောင်းပန်ပါတယ် ဦး ကျွန်တော်ဦးရဲ့ အကြောင်းပြချက်တွေကိုနားမထောင်နိုင်သေးဘူး ကျွန်တော်ရှက်တာပဲသိတယ်ဦး*

"ကောင်းပြီ ကလေး ကိုတို့ပြန်ကြမယ်နော်"

*ငယ်အဆင်သင့်မဖြစ်သေးတာ ကိုသဘောပေါက်တယ် ငယ့်ဖက်ကစိတ်လိုလက်ရ နားထောင်ချင်တဲ့ အချိန်ကျ ဦးသေချာပေါက် ငယ့်ကို ဤသည် မရွေးရှင်းပြမယ်ကလေး*
—————————————————————————-
အိမ်ပြန်ရောက်တော့လည်း အိပ်ခန်းထဲတန်းဝင်သွားပြီး ကိုယ်လက်သာဆေးပြီး ကိုယ့်ကိုကျောပေးကာ အိပ်သွားလေသည်

"ကျွန်တော်အိပ်ချင်ပြီ"

"ကောင်းသောညပါ ချစ်ဆုံးလေး"

ထိုကလေးတအား ဝမ်းနည်းနေမှာ သိတာမို့ ဘာဖိအားမှ မပေးပဲ နဖူးလေးသာအသာဖိနမ်းရင်း ကျောပေးထားခံရတဲ့ တစ်ဖက်နောက်ကျောကနေ ရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်းလေးအသာပွတ်ပေးတော့ တအောင့်ကြာ အသက်ရှူသံသံမှန်မှန်လေးကြားနေရတာမို့ ဒီကလေးဘေးအိပ်ပျော်သွားတာ သေချာသည်

Favorite PersonOpowieści tętniące życiem. Odkryj je teraz