Part 17

150 20 2
                                    


"ဟယ်လို"

"Baekhyunie.."

"Nae.. Arjushi"

"ထတော့ကောင်လေး မနက်ဖြန်စာမေးပွဲနော် ဒီနေ့စာ သေချာလုပ်ရမှာ မနက်စောစောထမှခေါင်းကြည်မှာ ခေါင်းကြည်မှစာတွေကျက်နိုင်မှာ ထတော့နော် ချာတိတ်လေး"

"ဟင်..အွင်းးး"

"ဟော နှိုးနေရင်း ပြန်အိပ်နေတာလား ထတော့ထတော့ Arjushi မင်းမနိုးသရွေ့ ဖုန်းဆက်နှိုးနေမှာနော်"

"ဟုတ်ကဲ့ထပြီ.."

Arjushi!.. Arjushi ဆိုတဲ့နာမည်က Chanyeol ရဲ့အသက်ကိုမိးမောင်းထိုးပြနေတာမို့ မကြိုက်သော်ငြားလည်း Baekhyun ခေါ်တဲ့အချိန်မှာတော့ နားထဲတွင်အင်မတန်ချစ်စရာကောင်းနေသည်မို့ သူကိုယ်တိုင်တောင်းဆိုခဲ့ရသော နာမည်နာမ တစ်ခုဖြစ်သည် Baekhyun နဲ့ သူ့ဆက်ဆံရေးကတော့ မတင်မကျ ရည်းစားမဟုတ် မိတ်ဆွေမဟုတ်အဆင့်တွင် သေချာပြောရရင် အီစီကလီအဆင့် ထိုကောင်လေးကို ချဉ်းကပ်ခဲ့ရစဉ် Chanyeol အတွက်တော့ မလွယ်ကူခဲ့ ဘုနဲ့ဘောက်ပြောသမျှ စိတ်မဆိုးခဲ့ရ သလို ကိုယ့်ဂုဏ်သိက္ခာထက် ဖုန်းထဲကခွေးပေါက်လေး ရီသံကြားရဖို့အရေး ရှိသမျှဟာသဉာဏ်တွေသုံးကာ ပေါပြခဲ့ရ အလုပ်ပင်ပန်းပါသော်လည်း ညတိုင်းထိုကောင်လေးရစ်သမျှ မငြီးမငြူ အပြုံးမပျက် လိုက်လျောရသည် စိတ်ကောက်တိုင်းချော့ရသည် Chanyeol ဖွင့်ပြောလျှင်ကြိမ်းသေ မငြင်းခံရမှာသိသော်လည်း သူကကိုယ်မဟုတ် ကိုယ်ကသူမဟုတ်တာကြောင့် ငြင်းခံရဖို့ကလည်း 20%ရှိသေးတာကြောင့် ထိုအခြေနေလေးကို ပိုကြိုက်သည်..ဖွင့်ပြောမည် ကြိမ်းသေဖွင့်ပြောမည် ထိုကောင်လေးနဲ့ ဖုန်းထဲက တစ်တစ်တူးရတာမဟုတ်ပဲ စာမေးပွဲပြီးလို့ ကိုယ်အပြင်လိုက်ပ်ို့ရပြီး နှစ်ယောက်ထဲတွေ့ရတဲ့ အခန်းကဏ္ဌလေး ရောက်ကာမှ..
—————————————————————————————-
"စာတွေကထင်တာထက်လွယ်သားပဲ Baekhyun မင်းလည်း ဖြေနိုင်တယ်မဟုတ်လား"

"ဒါပေါ့ မင်းသူငယ်ချင်းလေ အထင်သေးလို့ မင်း၁၀၀ဆို ငါ၉၉ပဲ"

"အေးပါကွာ အေးပါ"

"Jun Myeon ya.."

"ဟင်..."

"ငါတို့ Yixing နဲ့မတွေ့တာတောင်ကြာပြီနော် မင်းလည်းအိမ်မှာနေပြီးစာလုပ် ငါလည်းအိမ်မှာနေပြီးစာလုပ်နဲ့"

Favorite PersonWhere stories live. Discover now