"Ajima..ရှင်အကိုလေး ကားသံကြားတယ် Hunလေးပြန်လာပြီလားမသိဘူး သွားကြိုလိုက်ပါအုံး"
"ဟုတ်ကဲ့အကိုလေး .."
"Hunလေး Ajima.."
Ajima အသံတဝက်နဲ့တိတ်သွားတာမို့ Chanyeol လှည့်ကြည့်လိုက်တော့ Jun Myeon ကိုပွေ့ကာအိမ်ထဲခေါ်လာတဲ့ Hun ကအသံတိတ်ခေါင်းခါပြရင်း ဘာမှမလိုဘူး ရတယ်ဆိုတယ့်မျက်နှာရိပ်မျက်နှာကဲဖြင့် Ajima ကိုပြန်ပြောလေသည် သူ့လက်ထဲကJun Myeon နိုးသွားမှာစိုးတာကြောင့် အသံတိတ်စကားပြောနည်းတောင် ပြောတတ်ခဲ့ပြီ
*ဒီကောင်လေးဘယ်တုန်းကများ ဒီလောက်တစ်ဖက်သားကို ဂရုစိုက်တတ်သွားတာလဲ*အခန်းတံခါးကို အသာလေးကိုယ်နဲ့တွန်းဖွင့်ပြီး လက်ထဲကဝါဂွမ်းလေးနှိုးသွားမှာစိုးတာကြောင့် ဖြည်းဖြည်းနှင့်ညင်ညင်သာသာလေး မွေ့ယာပေါ်တင်ပေးလိုက်တော့ ခန္ဓာကိုယ်သေးသေးလေးက နစ်ဝင်သွားသည် ပါးမို့မို့လေးနှင့် ပန်းနုရောင်သန်းနေတာထက် ကိုပင် နှုတ်ခမ်းပါးလေးမှာလည်း ရဲတဲတဲလေး မို့ Hun ငေးကြည့်နေမိပြီး စိတ်မသက်မသာဖြစ်လာသည်မို့ ခြေအိတ်ကိုချွတ်ပေးခဲ့ပြီး ဂွမ်းဆောင်လေး ရင်ဘတ်ပေါ်ထိဆွဲတင်ပေးခဲ့လိုက်သည် သန်းခေါင်ယံ တအားအေးနေမှာစိုးတာကြောင့် Aircon number 30ကို တခါတည်းပြောင်းပေးခဲ့လိုက်သည်
"Good night ရှက်ပြာလေး"ကိုယ်လက်သန့်စင် ရေချိုးပြီးပြီ ညစာစားရန် အောက်ဆင်းသွားတော့ ခုနက Jun ကိုပွေ့ထားသည်မို့ ကိုကြီးကိုတောင် မနှုတ်ဆက်လိုက်ရပေ
"ကိုကြီး မအိပ်သေးဘူးလား"
"ကိုကြီး မအိပ်ပျော်သေးလို့ Hun လေးရော မအိပ်သေးဘူးလား"
"ကျွန်တော်ဗိုက်ဆာလို့ ညစာစားပြီးမှပဲအိပ်တော့မယ်"
"Jun လေးဘာဖြစ်တာလဲ"
"ကျွန်တော့်စီလာရင်း ချော်လာတာ"
"အော် ဖြစ်ရမယ်ဒီကလေးကတော့ ဒါနဲ့ ကိုယ့်ညီလေးကလည်းဘယ်တုန်းက အဲ့လောက်ကြင်နာတတ်သွားတာလဲ"ထိုကာမှ ခေါင်းပွတ်ခြေပွတ်နဲ့ ပြုံးစိပြုံးစိမျက်နှာဘေး သူမဟုတ်တာလုပ်လို့လူမိတဲ့ရုပ်နဲ့
"ကျွန်တော့်ရှေ့မှာဖြစ်တာဆိုတော့ ကျွန်တော်ဘယ်လိုမှမနေသာလို့ပါ"
"မင်းမှာ ဆင်ခြေအသင့်ရှိသားပဲ ဟက်.."
"ကျွန်တော်စားလို့ပြီးပြီ"
"ဟင်..မြန်လှရီလား ဝအောင်စားပါကွာ"
"ဝပါပြီဗျာ တကယ်ဝတာ"
ဝပြီလို့လည်းပြောသေး လက်တစ်ဖက်ကလည်း နို့ပေါင်မုန့် ၂လုံးနဲ့ ရေခဲသေတ္တာထဲက အလတ်ဆိုဒ် နို့ဘူးကို ကျန်တစ်ဖက်က နှိုက်နေသေးသည်
"ဒါတွေကကော ?"
"ဒ..ဒါက Jun Myeon နိုးရင်စားဖို့ပါ သူဘာမှမစားရသေးဘူးလေ "
"အေးပါကွာ မင်းတို့ခေတ်ပါ"
မနိုင်တော့ဘူးဆိုတဲ့ မျက်နှာနှင့် Chanyeol တစ်ယောက် ပြုံးလည်းပြုံး သက်ပြင်းတစ်ချချနှင့်ပင်
"Good night ကိုကြီး.."
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻