Part 27

129 23 8
                                    


မျက်နှာပေါ် အလင်းရောင်ပြပြကျလာသည်မို့ တစ်ယောက်"လိုက်ကာလာဖွင့်သွားတာသေချာသည် နူးညံ့ညင်သာတဲ့ အနမ်းနုနုလေးတစ်ပွင့် နဖူးပေါ်ကျလာတာလည်း ခံစားမိသည် ကိုယ့်ပါးပြင်ကိုလက်နုနုတစ်ဖက်နဲ့ နုနုယွယွပွတ်နေတာကိုလည်း ထပ်တူခံစားရခဲ့သည် မျက်လုံးမဖွင့်နိုင်အောင်အိပ်ရေးမက်ပါသော်လည်း သေချာပါသည် ကျွန်တော့်အပေါ်ဒီလိုဆက်ဆံတာ ဦးတစ်ယောက်ထဲပင်။

"Arjima! Arjimaရေ"

"Junလေး Arjimaဒီမှာ ဘာလိုလို့လဲကလေး"

"ဦးရော.."

"အော် Hunလေးက ရုံးသွားပြီလေ ဒီနေ့အလုပ်ရှိလို့ထင်ပါရဲ့စောစောသွားတယ် အကိုလေးChanyeolတို့ကလည်း ယူဖို့ရက်နီးလာပြီဆိုတော့ Hunအလုပ်တွေပိုများနေတယ်ထင်တယ် Junလေးကလွမ်းနေပြီလား အခုထဲက"

"မဟုတ်ပါဘူး Arjimaကလည်း ဒါနဲ့ ကျွန်တော်မေးတာပြန်မပြောနဲ့နော်"

"ဟုတ်ပါပြီရှင့်"

*အနဲဆုံးတော့ ရုံးသွားတာငါ့ကိုပြောသွားသင့်တယ် မဟုတ်လား ဘာလဲ Geရှိသွားတော့အဲ့လောက်တောင် ငါကအေရေးမပါတော့ဘူးလား တော်ပြီ..ငါဆက်မတွေးချင်ဘူး သူတို့အကြောင်း Baekhyun စီဖုန်းဆက်အုံးမှ*

~Hello~

~ခွေးကောင် မင်းကယူတော့မယ်ဆိုတော့ ငါတောင်ပလစ်နေပြီလား~

~မဟုတ်ပါဘူးကွာ မင်းလည်းသိနေတာပဲ ယူဖို့ရက်နီးလာတော့ စီစဉ်ရတာတွေများတယ်လေ~

~အေးပါ ငါသဘောပေါက်ပါပြီ မင်းအချိန်နဲနဲလောက်မအားဘူးလား~

~ဘာလို့လဲ တကယ်ငါထမင်းစားချိန်တောင်မရှိဘူး ဖိတ်စာအတွက်တော်ကြာသွားရအုံးမယ်~

~ညနေဖက်လောက် ငါတို့barသွားရအောင်လေ~

~ဘာလဲမင်းစိတ်ညစ်စရာရှိနေလို့လား ညနေကျ ငါယောက္ခမလောင်းလျာနဲ့သွားတွေ့ရမှာကွ sorryကွာနော် မနက်ဖြန်သွားကြမယ်လေ~

~ဒီနေ့ပဲ..!~

~ခက်ပြီကွာ အဲ့တာဆို မင်းyi xing phယူမလား~

~မင်းမှာရှိတာလား~

~ဒါပေါ့ ဒါပေမယ့်ငါပေးတာ မင်းဘဲကြီးမသိစေနဲ့နော် ငါကြောက်တယ်ဟိတ်ကောင်ရ~

Favorite PersonWhere stories live. Discover now