" Hun နဲ့ Jun လာကြကွာ ထမင်းစားရအောင်!.."ထမင်းဝိုင်းမှ စားဟန်တပြင်ပြင်ဖြင့် Chanyeolကလှမ်း ခေါ်သည်
" လာပြီကိုကြီးရေ ရေချိုးနေလို့"
Hun ရော Junရော ထမင်းစားပွဲရောက်ပြီဆိုမှ Arjimaက ပန်းကန်လုံးလေးနဲ့ထည့်ထားတဲ့ ထမင်းကိုလာချသေးသည်
"Arjimaပါဝင်စားလေ..တခါတည်း"
"တော်ပါပြီ Hunလေးရယ် Arjimaအလုပ်လေးတွေကျန်သေးလို့"
"ဟုတ်ပါပြီ ဗျ ကောင်းကောင်းစားပါ့မယ်"
Chanyeol ကတော့ ထမင်းအတော်ဆာနေပုံပင် ကောင်းကောင်းစားပါ့မယ် ပြောပြီး စတင်ကြိတ်နေတော့သည်
"Hunလေး.."
"ခင်ဗျာ.."
"ကျောင်းမှာအဆင်ပြေရဲ့လား စာမေးပွဲတွေရှိတယ်ဆို"
"ဒီရက်ပိုင်းတော့ ပင်ပန်းတာပေါ့ဗျာ မနေ့ကရော ဒီနေ့ရော မအိပ်ရသေးဘူး.."
"အင်းကွာ.. ငါလည်းကူပေးမရတဲ့ဟာတွေမို့ နေ့ခင်းကျ တစ်ရေးအိပ်လိုက်အုံး တော်ကြာ Flesh ပြနေမယ်"
"Nae.."
Chanyeol ကတကယ့်အကိုကောင်းတစ်ယောက် လူကြီးလူကောင်းတစ်ယောက်ပီသသည် တစ်အိမ်လုံးကို စီမံကွပ်ကဲနိုင်တဲ့အပြင်ကိုမှ ကုမ္ပဏီကိုပါ ရှယ်ယာဝင်တိုင်းရဲ့ စိတ်ပျက်မှုမရှိ ချီးကျူးချင်းကို ခံရအောင်ပါ စွမ်းဆောင်နိုင်တာမို့ လိုအပ်ချက်မရှိ ထူးချွန်တဲ့ယောက်ျားတစ်ယောက်ပင်
"Junလေး"
"ဟုတ်"
ဝါဂွမ်းလေးက ထမင်းစားနေရင်း တူကို ချက်ချင်းချကာ ပြန်ထူးလေသည်
"စားပါကွာ စားရင်းပြောကြတာပေါ့"
"ဟုတ်"
"ကျောင်းစားမေးပွဲနီးပြီဆိုတော့ စာတွေရပြီလား"
"ဟုတ် ရနေပါပြီ "
"ကြိုးစား ကလေးရေ နားမလည်တာရှိ မင်းရဲ့ပါမောက္ခလည်းအနားရှိနေတာပဲ မေးပေါ့"
"Nae..ကြိုးစားပါ့မယ်"
Chanyeol ပြုံးကာပြောရင်း လည်ပင်းက အနီကွက်စီမျက်လုံးရောက်မိသည် ဒါHunလက်ချက်မှအပ မဖြစ်နိုင်တာ သူကောင်းကောင်းသိသော်လည်း သူမေးလိုက်လျှင်ဖြစ်လာမယ့် Hunနဲ့ Junရဲ့ မျက်နှာကို သူအတော်သိချင်စိတ်ဖြစ်မိသည်
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻