Hun အခန်းထဲကို အမြန်ဝင်ခဲ့လိုက်ပြီး တံခါးပိတ်လော့ချပြီးမှ *ဒီကောင်လေးကို မြင်တိုင်း ဘာလို့အဲ့လောက် စိတ်မသက်မသာဖြစ်နေရတာလဲ ဟူးး * အိပ်ယာပေါ် ပစ်လှဲပစ်လိုက်ကာ *မနက်ဖြန် မင်း စာမေးပွဲခန်းစောင့် ရမယ် မင်း စောစောအိပ်သင့်ပြီ Oh Sehun*
~8:00AM~
"ကိုကြီးသွားတော့မှာလား"
"အော်..အင်း Hun လေးဒီနေ့ အလုပ်များမှာမို့လေ စောစောသွားရမယ်"
"ဟုတ် ဂရုစိုက်သွားပါ"
ထမင်းစားခန်းထဲဝင်သွားတော့ Jongin တစ်ယောက် မနက်စာမုန့်အလျင်အမြန် ထိုးသွက်နေပုံထောက် သူလည်းဘာတွေလောနေပြန်လည်းမသိဘူး
"ကိုလေး ဖြည်းဖြည်းစားပါဗျာ"
"Hunnie.. morning"
" ဘာတွေဒီလောက်လောနေတာလဲ "
" ကိုယ်လား ဒီနေ့ ကိုယ် အလုပ်အသစ်စဝင်ရမယ့်နေ့လေ"
"ဟာ..အလုပ်ပြန်ရပြီလား ဝမ်းသာစရာပဲ"
"Hunnie ကစာအုပ်တွေဖတ်တော့သိမှာပေါ့ Do Kyungsoo ဆိုတဲ့သူကို"
"အင်း သိတာပေါ့ ကိုရီးယားရဲ့နံပတ် ၅ စာရင်းဝင် စီးပွါးရေးလုပ်ငန်းအများဆုံးပိုင်ဆိုင်တဲ့သူလေ"
"ကောင်းလိုက်တဲ့မှတ်ဥာဏ်! အင်း ကိုယ်သူ့စီမှာ အတွင်းရေးမှူးလုပ်ရမှာ "
"ဝါးးး ကျွန်တော်မနာလိုတယ်နော် "
"Haha ဒီကောင်လေးတော့ နောက်နောက်ပြောင်ပြောင်နဲ့"မုန့်စားပြီး ရုံးသွားမယ့် Jongin ကသွား ကျောင်းသွားဖို့ လိုအပ်တာတွေအကုန်ပါရဲ့လားစစ်နေတဲ့ Hun ကစစ်လို့စစ်
"ကိုယ်သွားပြီနော် Hunnie"
"ကောင်းသောနေ့လေးဖြစ်ပါစေဗျ"
*ပြုံးပြပြီး heart sign လုပ်ပြသွားတဲ့ Jongin ကတော့ ထွက်သွားရှာပြီ နောက်ဆုံးကျန်ခဲ့တာ ငါပါပဲလား :/*
"Ajima ရေ Jun Myeon ကိုသွားရအောင်လို့"
"Hun လေး ...Jun လေးက မနက်၇ခွဲတည်းက ကျောင်းသွားပြီလေ"
"ဟင် ကျွန်တော်တောင်မသိရပါလား"
"Ajima လည်းသိမယ်ထင်လို့ မပြောတော့တာ Hun လေးကို"
"ဟုတ်ပါပြီ ကျွန်တော်သွားတော့မယ်နော် အိမ်မှာဂရုစိုက်နေအုံး"
"ဟုတ်ပါပြီရှင့်ဟုတ်ပါပြီ"*ငါ့ကို မစောင့်ပဲသွားရအောင် ဒီကောင်လေးဘာကိစ္စ တွေများရှိလို့လဲ ကျောင်းရောက်မှမေးရမှာပေါ့ကွာ တောက်!*
ကျောင်းထဲဖြည်းဖြည်းချင်း လှိမ့်ဝင်လာတဲ့ ကားအနက်ရောင်ကို ကြည့်ကြည့်ပြီး ထိုကားနားဖြတ်သွားတဲ့ ကျောင်းသားတွေတိုင်းက အရိုသေပေးနေကြတာမို့ ကားထဲမှာဆရာတစ်ယောက်ယောက်ဆိုတာ Jun Myeon ခန့်မှန်းမိသည် ကားတံခါးအသာဖွင့်ပြီး ခြေတစ်ဖက်ကိုအရင်ချကာ ထွက်လာတဲ့ နေကာမျက်မှန်နှင့် ဆံပင်ကိုလှန်တင်ဖီးထားပြီး အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကိုမှ ကျယ်သီးနှစ်လုံးဖြုတ်ထားတာမို့အထင်းသားပေါ်နေသည့် sexy bone ခြေမျက်စိပေါ် style pant အနက်ထဲလက်တစ်ဖက်ကို ထည့်ထားပြီး တစ်ဖက်က လက်ကိုင်အိတ်နဲ့coatအနက်ကို ပုခုံးတင်ကာ ကိုင်ပြီး လမ်းလျှောက်လာတဲ့ Eng ပါမောက္ခ Oh Sehun!
YOU ARE READING
Favorite Person
Romanceပါမောက္ခအေးတိအေးစက် ပါမောက္ခနဲ့ ကျောင်းသားကြားကအချစ်ဇာတ်လမ်းလေးပေါ့နော်🌚❤️ ပထမဆုံးရေးဖြစ်တဲ့ Hunho fan ficလေးဖြစ်တာကြောင့် အမှားအယွင်းနဲ့ ဖတ်လို့အဆင်မပြေတာရှိရင်ကြိုတောင်းပန်ပါတယ်လို့🙏🏻